တကမ္ဘာ့လုံး စစ်သွေးကြွမှုကို တိုက်ရန် ဆီးရီးယား ကျောထောက်နောက်ခံပေးမည်

1.2K
ဆီးရီးယားဝန်ကြီးချုပ်က ဆီးရီးယားဟာ ၂၀၁၅ ခုနှစ်မှာ ပိုင်နက်ထဲက သူပုန်အားလုံးကို မောင်းထုတ်မှာ ဖြစ်ပြီး တကမ္ဘာ့လုံးက စစ်သွေးကြွမှုကို တိုက်ဖို့ အားထုတ်မှုတိုင်းကို ကျောထောက်နောက်ခံပေးဖို့ ပြင်ဆင်မယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
လွှတ်တော်မိန့်ခွန်းနဲ့ အစိုးရရုပ်သံမှာ ထုတ်လွှင့်ကြေညာချက်အတွင်း ဝန်ကြီးချုပ်က ဆီးရီးယားမှာ အကြမ်းဖက်မှု မကောင်းဆိုးဝါးတွေကို ချေမှုန်းရေး အစိုးရရဲ့ ရည်မှန်းချက်ကို အတည်ပြု ပြောဆိုပါတယ်။
“ကျနော်တို့ အစ္စလာမ်ဘာသာနဲ့ ယဉ်ကျေးမှုတွေနဲ့ မတူ ဝေးကွာတဲ့ အယ်လ်ကေဒါ အစွန်းရောက် မကောင်းဆိုးရွားတွေနဲ့ သူတို့ရဲ့ အစွန်းရောက် အတွေးအခေါ်တွေကို သန့်စင်ဖို့ ပဲ”လို့လည်း သူက ပြောပါတယ်။
ဆီးရီးယားဟာ သူ့နိုင်ငံတွင်းက လက်နက်ကိုင်အုပ်စုတွေကို တိုက်ရေး တခြားနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ချင်တယ်လို့ ထပ်ခါတလဲ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သူက နိုင်ငံတွင်း အစိုးရဆန့်ကျင်ရေးတပ်အားလုံးကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲ ရည်ညွှန်းခဲ့တာပါ။
အနောက်နိုင်ငံတွေနဲ့ အာရပ်မဟာမိတ်တွေကတော့ အမာခံ ဘာသာရေးစစ်ဝါဒီတွေနဲ့ နဂို သူပုန် တိုက်ခိုက်ရေးသမားတွေကို ခွဲခြားထားခဲ့တာပါ။
၂၀၁၁ ခုနှစ်ကနေစပြီး ဆီးရီးယားနိုင်ငံတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကနေတဆင့် ပြည်တွင်းစစ် ဖြစ်ခဲ့လို့ လက်နက်ကိုင်အုပ်စုတွေ အတွဲလိုက် ပေါ်ထွက်လာခဲ့တာပါ။
အဲဒီကမှ တဆင့် အိုင်အက်စ်စစ်သွေးကြွတွေနဲ့ အယ်လ်ကေဒါတွေရဲ့ နတ်စ်ရာတပ်ဦးတို့က ခြေကုပ်ရခဲ့ပါတယ်။
စစ်သွေးကြွအုပ်စုက အီရတ်နဲ့ ဆီးရီးယား ၂ နိုင်ငံလုံးက မြေတွေကို သိမ်းနိုင်ခဲ့လို့ မနှစ်က စပြီး အိုင်အက်စ်တွေကို အမေရိကန် ဦးဆောင်တပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ရပါတယ်။
[gallery ids="79755,79756,79757,79758,79759"]