A d v e r t i s e m e n t With Us

အာဖရိက ဘောလုံးအဖွဲ့ချုပ်ကနေ တူနီးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နုတ်ထွက်

အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်နဲ့ တူနီးရှားဘောလုံးအသင်း အာဖရိကဖလားပြိုင်ပွဲ ကွားတာ ဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီးတဲ့နောက် တူနီးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝေဒိုင်း ဂျာရီက အာဖရိက ဘောလုံးအဖွဲ့ချုပ်ကနေ နှုတ်ထွက်လိုက်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် အီကွေတိုးရီးယား ဂီနီအာကို ပွဲပြီးခါနီးမှာ နာကျင်အချိန်ပိုမှာ ဒိုင်လူကြီးက ပင်နယ်တီ ပေးခဲ့တဲ့ အတွက် ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့ တူနီးရှားနဲ့ အီကွေတိုးရီးယားတို့ အချိန်ပို ဆက်လက် ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ အီကွေတိုးရီးယား ဂီနီအာ အသင်းက ၁ ဂိုးထပ်သွင်းယူပြီး ၂ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။ ဒီနောက်မျာတော့ ဂျာရီဟာ အာဖရိကဖလားပြိုင်ပွဲ ကျင်းပရေး ကော်မတီကနေ နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ဒီပင်နယ်တီပေးလိုက်တဲ့အပေါ် တူနီးရှားနည်းပြကလည်း ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ဒိုင်လူကြီးကိုလည်း လုံခြုံရေးအရ အကာကွယ်ပေးခဲ့ရပါတယ်။ [gallery ids="79776,79773,79774,79775"]

A d v e r t i s e m e n t With Us

More News
Up