A d v e r t i s e m e n t With Us

အကြိတ်အနယ်ဖြစ်လာမည့် အာဖရိကဖလား ဆီမီးဖိုင်နယ်

အီကွေတိုးရီးယား ဂီနီယာနိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာတော့ အိုင်ဗရီကိုစ့်၊ ဂါနာ၊ အီကွေတိုးရီးယား ဂီနီယာ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ ဆီမိုးတက်ရောက်သွားပြီ ဖြစ်ပါတယ်။ အိုင်ဗရီကိုစ်က အယ်လ်ဂျီးရီယားကို ၃ ဂိုး ၁ ဂိုး၊ ဂါနာက ဂီနီအာကို ၃ ဂိုး ဂိုးမရှိ၊ အီကွေတိုးရီးယား ဂီနီယာက တူနီးရှားကို ၂ ဂိုး ၁ ဂိုး၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံက ကွန်ဂိုကို ၄ ဂိုး ၂ ဂိုးနဲ့ အသီးသီး အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနဲ့ အိုင်ဗရီကိုစ့်၊ ဖေဖော်ဝါရီ ၅ ရက်မှာတော့ ဂါနာနဲ့ အီကွေတိုးရီးယား ဂီနီယာ အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ [gallery ids="79723,79724,79719,79720,79721,79725"]

A d v e r t i s e m e n t With Us

More News
Up