စင်ကာပူ ဂုဏ်ထူးဆောင်ဝန်ကြီး ဂိုချောက်ထောင် မြန်မာ လာမည်
DVB
·
February 2, 2015
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားမှုနဲ့ စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အဆင့်မြင့် ၀န်ကြီး၊ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင်ဟာ ဒီသတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
[caption id="attachment_79699" align="alignright" width="300"] ဓာတ်ပုံ (ရိုက်တာ)[/caption]
ဖေဖော်ဝါရီ ၂ ရက်ကနေ ၄ ရက်နေ့ ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ စင်ကာပူ အခြေစိုက် ချာနယ်နယူး အေးရှားသတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ တခြား အဆင့်မြင့် အရာရှိတွေနဲ့ပါတွေ့ဆုံသွားဖို့ ရှိနေပါတယ်။
ဒါအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ ဒု ဥက္ကဋ္ဌ ဦးဌေးဦး၊ မြန်မာရင်းနှီးမြုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးဇေယျအောင်တို့နဲ့ တွေ့ဆုံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။