A d v e r t i s e m e n t With Us

ဂျိုကိုဗစ်နှင့် ဆရီနာဝီလီယံ သြစတြေးလျအိုးပင်း တင်းနစ် ပြိုင်ပွဲ ဗိုလ်စွဲ

သြစတြေးလျအိုးပင်း တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က အင်ဒီမာရေးကို အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ပြိုင်ပွဲကို မဲလ်ဘုန်းမှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတာပါ။ ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ ဂျိုကိုဗစ်က ၁ ပွဲရှုံး ၃ ပွဲနိုင်နဲ့ ချန်ပီယံဆုကို ဆွတ်ခူးသွားတာပါ။ ဗြိတိန်နိုင်ငံသား မာရေးအတွက်ကတော့ ၄ကြိမ်မြောက်အဖြစ် ဒုတိယဆုကို ရယူနိုင်တာဖြစ်ပြီး သြစတြေးလျအိုးပင်း ဗိုလ်လုပွဲမှာ ၃ ကြိမ်မြောက် ရှုံးပွဲတွေ့သွားတာပါ။ ဂျိုကိုဗစ်က သြစတြေးလျအိုပင်း ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ အခုရတဲ့ ဆုဖလားဟာ ဆားဘီးယားနိုင်ငံ သားအတွက်တော့ ၈ခု မြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။ အမျိုးသမီး တဦးချင်း တင်းနစ်ပြိုင်ပွဲမှာတော့ ဆရီနာ ၀ီလီယံက မာရီယာ ရှရာဗိုဗာကို အနိုင်ရပြီး ၆ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားပါတယ်။ ဒီပွဲမှာ အကောင်းဆုံး ကစားသွားနိုင်တဲ့ ရှရာဗိုဗာကို  ၀ီလီယံက ချီးကျူး ပြောဆိုခဲ့သလို သူနဲ့ ကစားရတာ ကို ဂုဏ်ယူတဲ့ အကြောင်း ပြောဆိုသွားပါတယ်။ ကမ္ဘာနံပါတ် ၁ ဆရီနာ ၀ီလီယံအတွက် ၁၉ ကြိမ်မြောက် ဆုဖလား ဖြစ်သလို ၂၀၀၄ ခုနှစ် နောက်ပိုင်း ကမ္ဘာအဆင့် ၂ ရှရာဗိုဗာကို ၁၆ ကြိမ်မြောက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ [gallery ids="79695,79694,79691,79696,79692,79693"]  

A d v e r t i s e m e n t With Us

More News
Up