အာဆင်နယ် ဂိုးပြတ် အနိုင်ရ

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် ဘောလုံးအသင်းက ၅ ဂိုးပြတ်နဲ့ အက်စတွန်ဗီလာကို အနိုင်ရသွားပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ ဂျီရှု့၊ အိုဇေး၊ ၀ဲကော့၊ ကာဇိုလာနဲ့ ဘယ်လီရင်တို့က သွင်းယူတာ ဖြစ်ပါတယ်။
အာဆင်နယ်အတွက်တော့ ဒီနှစ်ရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ၅ ဂိုး သွင်းယူနိုင်တာပါ။ အက်စတွန်ဗီလာကတော့ ၆ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်တဲ့ ပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အာဆင်နယ်က ဒီပွဲနိုင်လို့ ၄၂မှတ်နဲ့ အဆင့် ၅ နေရာကို တက်လာပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၁ မှတ်အကွာကို ရောက်ရှိလာပါတယ်။ ဒီနှစ်ရာသီမှာ ခြေစွမ်းပြနေတဲ့ ဆောက်သမ်တန်ကတော့ အိမ်ကွင်းမှာ ဆွမ်ဆီးကို တဂိုးဂိုးမရှိနဲ့ ရှုံးသွားပါတယ်။
ဆောက်သမ်တန်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပြီး အရှုံးပေးလိုက်ရတာပါ။
ဆွမ်ဆီးအသင်းဟာ ၆၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆောက်သမ်တန်ကို အနိုင်ရတာပါ။ ဒီပွဲရှုံးလို့ ဆောက်သမ်တန်အသင်းဟာ ၄၂ မှတ်နဲ့ အဆင့် ၃ နေရာက မန်ယူရဲ့နောက် ၁ မှတ်အကွာနဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
[gallery ids="79659,79660,79661,79662,79663,79664,79665"]