A d v e r t i s e m e n t With Us

ဦးသန့်အရေးအခင်း ဓာတ်ပုံပြပွဲ အာဏာပိုင်များ တားမြစ်

ဓာတ်ပုံဆရာထိန်ဝင်းရဲ့ ၁၉၇၄ ခုနှစ်၊ ဦးသန့်အရေးအခင်းဓာတ်ပုံပြပွဲကို ပြပွဲလုပ်တော့မယ့် ရက်ကပ်မှ သက်ဆိုင်ရာအာဏာပိုင်တွေက ပြသခွင့် ပိတ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကနေ ၅ ရက်အထိ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ Orchid ဟိုတယ်မှာ ပြသမယ့်ဓာတ်ပုံပြပွဲကို ဇန်န၀ါရီ ၃၁ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးရုံးက ပိတ်လိုက်တာလို့ ကာယကံရှင် ဓာတ်ပုံထိန်ဝင်းက ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း မြန်မာနိုင်ငံသား ဦးသန့်အရေးအခင်းအတွင်း ဓာတ်ပုံထိန်ဝင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို စာအုပ်အဖြစ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ဓာတ်ပုံဝါသနာရှင်တွေအနေနဲ့ ပိုမိုကြည်လင်ပြတ်သားပြီး ပုံကြီးကြီးကြည့်နိုင်ဖို့ ရည်ရွယ်ပြီး ပြပွဲလုပ်ဖို့ စီစဉ်ခဲ့တာလို့ ဓာတ်ပုံထိန်ဝင်းက ပြောပါတယ်။ ဓာတ်ပုံ - ထိန်ဝင်း [gallery ids="79605,79606,79607,79608,79609"]

A d v e r t i s e m e n t With Us

More News
Up