A d v e r t i s e m e n t With Us

လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အားပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှု လမ်းကြောင်းတွေထဲကတခုအပါအ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။ လူကုန်ကူးမှုပြဿ   နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။ လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။ ထိုင်းအာဏာသိမ်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး နှိမ်နင်းဖို့ ကတိပေးထားပေမယ့် လုပ်အားပေးတွေကတော့ ဒေသတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ပိုတိုးလာနေတယ်လို့ ပြောပါတယ်။ သူတို့ထဲက အများအပြားဟာ မြန်မာနိုင်ငံ အနောက်ဘက်က လာတဲ့ မွတ်စလင်တွေ ဖြစ်ပြီး သူတို့ကို ကုန်ကူး အလွဲသုံးစားလုပ်နေတဲ့ ဂိုဏ်းတွေကို တားမြစ်မှု လုပ်တာ နည်းတယ်လို့လည်း ပြောပါတယ်။ နှစ်တိုင်း ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာလို့ သူတို့ကို သူတို့ ပြောတဲ့လူတွေနဲ့ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေဟာ လူကုန်ကူးသူတွေကနေတဆင့် လှေတွေနဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး မလေးရှားနယ်စပ်ကို ဖြတ်ကျော် လူမှောင်ခိုကူးနေတယ်လို့ ရိုက်တာစ် သတင်းဌာနက ဖော်ပြပါတယ်။ မနှစ်ကတော့ အစိုးရတွေရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အားထုတ်မှုတွေအပေါ် ခွဲခြားအမှတ်ပေးတဲ့ အမေရိကန်အစိုးရရဲ့ TIP ရဲ့ အစီရင်ခံစာက ထိုင်းနိုင်ငံကို အနိမ့်ဆုံးအဆင့် ချထား သတ်မှတ်ခဲ့ပါတယ်။ ထိုင်းအစိုးရကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းဖို့ ကြိုးစားနေပြီး ဒဏ်ကြေးတိုးမြှင့်တာနဲ့ ဂြိုဟ်တုအခြေပြု စောင့်ကြည့်ရေးစနစ်တွေအပါအဝင် လုပ်ဆောင်ချက်တွေကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တိုးတက်မှုတွေ အမေရိကန်အစိုးရကို ပြသဖို့ မျှော်လင့်ချက်နဲ့ အစီရင်ခံစာတစောင်ကိုလည်း ဒီလထဲမှာ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="79598,79599,79600,79601,79602"]  

A d v e r t i s e m e n t With Us

More News
Up