သြစတြေးလျအိုးပင်း စရီနာ ၆ ကြိမ်မြောက် ဆွတ်ခူး

1.2K
သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စရီနာ ၀ီလျံစ်က မာရီယာ ရှာရာဗိုပါကို အနိုင်ရသွားပါတယ်။
ကမ္ဘာ့နံပါတ်တစ် အမေရိကန်သူ စရီနာက ပထမပွဲကို ၆ - ၃၊ ဒုတိယပွဲမှာ ၇ - ၆ နဲ့ အနိုင်ရသွားတာပါ။ ရုရှားသူ ရှာရာဗိုပါအတွက်တော့ ၁၆ ပွဲမြောက်အဖြစ် စရီနာကို ရှုံးပွဲတွေ့သွားတာပါ။
အသက် ၃၃ နှစ်အရွယ် စရီနာဟာ သြစတြေးလျ အိုးပင်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။
အခု ချန်ပီယံဆုဟာ စရီနာအတွက် ၁၉ ခုမြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။
လက်ရှိ အမျိုးသမီး Tennis လောကမှာ ဂျာမနီနိုင်ငံသူ စတက်ဖီ ဂရက်က ဂရန်းစလန်း ဆုဖလားပေါင်း ၂၂ ခုနဲ့ စံချိန်တင်ထားပါတယ်။
သြစတြေးလျအိုးပင်း အမျိုးသားဖိုင်နယ်ကိုတော့ ဒီကနေ့ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကမ္ဘာ့အဆင့် (၁) နိုဗက် ဂျိုကိုဗစ်နဲ့ အဆင့် ၆ အင်ဒီ မာရေးတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ausopen.com
[gallery ids="79544,79545,79546,79547,79548,79549,79550,79551,79552,79553,79554,79555"]