A d v e r t i s e m e n t With Us

ဗိုလ်ချုပ်မွေးနေ့ စည်စည်ကားကား ကျင်းပမည်ဟု အစိုးရကြေညာ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်ကို ကလေးများနေ့အဖြစ် သတ်မှတ်ပြီး တနိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်းမှာ အထိမ်းအမှတ်အခမ်းအနားတွေကို စည်စည်ကားကား ပြုလုပ်သွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ aung sanအရင် စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ ကျော်ကြာ မကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ကို ဦးသိန်းစိန်အစိုးရတက်လာပြီး လေးနှစ်လောက်အကြာမှာ ပြန်လည်ကျင်းပမယ်လို့ အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အထိမ်းအမှတ်အခမ်းအနားတွေမှာ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲတွေအပြင် အခြားပျော်ပွဲရွှင်ပွဲတွေလည်း ထည့်သွင်းကျင်းပသွားမယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ အတိုက်အခံ အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ နိုင်ငံတ၀န်း ကျင်းပပြုလုပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up