A d v e r t i s e m e n t With Us

ကန်ဂျီဂိုတိုစံ အသတ်ခံရမှု အိုက်အက်စ်အဖွဲ့ကို လုံးဝခွင့်မလွှတ်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အကြမ်းဖက်သမားတွေကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ကတိပြုရင်း ဂျပန်သတင်းထောက် သတ်ဖြတ်ခံရပုံရှိတဲ့ ရုပ်သံအပေါ် ဒီနေ့ ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။ AJ201502010017Mအစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ ဓားစာခံဖမ်းထားတဲ့ ဂျပန်သတင်းထောက် ကန်ဂျီ ဂိုတိုစံကို ခေါင်းဖြတ်ခဲ့ပုံရတဲ့ ရုပ်သံ အင်တာနက်ပေါ်မှာ ဖြန့်ချိခဲ့အပြီး ခုလို ပြောဆိုလိုက်တာပါ။ အိုင်အက်စ် စစ်သွေးကြွတွေက ဂိုတိုစံကို သတ်ခဲ့ပြီးပြီလို့ ဇန်န၀ါရီ ၃၁ ရက်နေ့ ပြောပါတယ်။ အကျဉ်းသားလဲလှယ်မှုကနေတဆင့် သူပြန်လွတ်ရေး နိုင်ငံတကာအားထုတ်မှုတွေ မအောင်မြင်ဖြစ်ခဲ့ပုံရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ [caption id="attachment_79538" align="alignright" width="300"]ရှင်ဇိုအာဘေး ရှင်ဇိုအာဘေး[/caption] “မိသားစုရဲ့ နာကျင်မှုကို စဉ်းစားမိရင် ကျနော့်မှာ ပြောစရာ စကားလုံးမရှိခဲ့ဘူး။ အစိုးရက လုပ်နိုင်သမျှအကုန် လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ ရလဒ်ပါပဲ” လို့ ဂျပန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ဝန်ကြီးချုပ်အိမ်တော်မှာ ပြောပါတယ်။ “ဂိုတိုစံအသတ်ခံရမှုမှာ တာဝန်ရှိသူကို တရားစွဲဖို့ နိုင်ငံတကာ မဟာမိတ်တွေနဲ့အတူ လုပ်ဆောင်မယ်၊ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်လျှော့အရှုံးပေးမှာ မဟုတ်ဘူး” လို့ အာဘေးက ပြောပါတယ်။ ဟရုန ယုခဝ ခေါင်းဖြတ်ခံရတဲ့ ရုပ်သံထွက်ပေါ်လာအပြီး သီတင်းပတ် တပတ်တိတိမှာ  ဂိုတိုစံကို သတ်ဖြတ်တဲ့ရုပ်သံ ထွက်ပေါ်လာတာပါ။ အိုင်အက်စ်တွေဟာ သူတို့ကို တိုက်ဖို့ စစ်ရေးမဟုတ်တဲ့ အထောက်အပံ့အနေနဲ့ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်လို့ အာဘေက ကြေညာအပြီး လက်စားချေတဲ့အနေနဲ့ ဂျပန်ဓားစာခံတွေကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားတလွှားက နယ်မြေတွေကို သိမ်းထားတဲ့ အိုင်အက်စ်တွေဟာ အနောက်တိုင်းသတင်းထောက်တွေ အကူအညီပေးရေးလုပ်သားတွေ အတော်များများကိုလည်း ခေါင်းဖြတ်ခဲ့ပြီးပါပြီ။ သူတို့အစိုးရက အိုင်အက်စ်တွေကို တိုက်မှုအတွက် တန်ကြေးပြန်ဆပ်ရတာလို့လည်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up