Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင်ဆွေးနွေး
DVB
·
February 1, 2015
10563017_841011919270643_1218913685122769982_n
10553425_841012022603966_6562372237253806707_n
10440269_841011945937307_2683571731558749192_n
10425850_841011892603979_5103028168645583078_n
အမျိုးသား ပညာရေး ဥပဒေနဲ့ ပက်သက်လို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီကနေ့ ကျင်းပနေပါတယ်။ ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) သပိတ်မှောက် ကျောင်းသားကော်မတီတို့ ဆွေးနွေးနေကြတာပါ။ သပိတ်မှောက်ကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အစိုးရထံ တောင်းဆိုထားတာပါ။ အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တဖွဲ့ကို ၁၅ ဦးစီ တက်ရောက်နိုင်တယ်လို့ အစိုးရက ဖိတ်ကြားထားပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို ကျောင်းသားသပိတ်ကော်မတီက ၁၅ ဦး တက်ရောက်မှာဖြစ်ပြီး ဗကသကျောင်းသား ၆ ယောက်၊တကသ ကျောင်းသား ၆ယောက်နဲ့ မြေလတ်ဗကသကျောင်းသား ၃ယောက် ပါဝင်တယ်လို့ ဆွေးနွေးပွဲတက်မယ့် မဖြိုးဖြိုးအောင်က ပြောပါတယ်။ ဖေဖော်ဝါရီ၁ရက် ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရလဒ်ထုတ်ပြန်ဖို့ တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံနေတဲ့အချိန်မှာ သပိတ်မှောက် ချီတက်နေတဲ့ ကျောင်းသားတွေရဲ့ စစ်ကြောင်းတွေကို ခေတ္တ ရပ်နားထားမှာ ဖြစ်ပါတယ်။ ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အဖွဲ့ဝင်တွေ ဇန်န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ အကြိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမတိုင်မီမြင်ကွင်း (ဓာတ်ပုံ - ကောင်းထက်ကျော်) [gallery ids="79529,79530,79531,79532,79533"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024