A d v e r t i s e m e n t With Us

အာရွဖလား ၾသစေၾတးလ် ဗုိလ္စြဲ

ဇန်န၀ါရီ ၃၁ ရက် ယှဉ်ပြိုင်ကစားသွားတဲ့ ၁၆ ကြိမ်မြောက် အာရှဖလား ဘောလုံးပြိုင်ပွဲမှာ သြစတြေးလျ အသင်းက ဗိုလ်စွဲသွားပြီး ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာဖလားကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။ သြစတြေးလျ အသင်းက တောင်ကိုရီးယား အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ သြစတြေးလျ အသင်းက ပထမပိုင်း ၄၅ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၉၀ မှာ တောင်ကိုရီးယားအသင်းက ချေပဂိုးသွင်းယူတဲ့အတွက် အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ အချိန်ပိုယှဉ်ပြိုင်ကစားရာမှာတော့ သြစတြေးလျအသင်းက ပွဲချိန် ၁၀၅ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူခဲ့ပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ တတိယ နေရာအတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) က အီရတ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး တတိယနေရာ ရရှိခဲ့ပါတယ်။ ဒီနှစ်အာရှဖလား ဂိုးသွင်းအများဆုံးဆုကို ယူအေအီးအသင်းက အလီမာအောက်က ၅ ဂိုး အထိသွင်းယူပြီး ရရှိသွားပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကို သြစတြေးလျ ဂိုးသမား မတ်တီရိုင်ယန်က ရရှိခဲ့သလို အဖိုးတန်ဆုံး ကစားသမား ဆုကို သြစတြေးလျက မတ်စ်လွန်ဂိုက ရရှိသွားပါတယ်။ ဓာတ်ပုံ - .afc [gallery ids="79501,79502,79503,79504,79505,79506,79507,79508,79509,79510,79511,79512,79513,79514,79515,79516,79517,79518,79519,79520"]

A d v e r t i s e m e n t With Us

More News
Up