A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံက ပထမဆုံး အမျိုးသမီးသီးသန့် ဗလီ

အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မှာ အမေရိကန်နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးသီးသန့် ဗလီကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ အစ္စလာမ်ဘာသာရေးထုံးစံအရ ဗလီဝတ်ပြုဆုတောင်းမှုတွေကို ဗလီဆရာတွေကသာ ဦးဆောင်ပြီး  ကိုရမ်ကျမ်းစာကို သင်ကြားတာပါ။ ဒါပေမယ့် အမေရိကန်အမျိုးသမီးဗလီမှာတော့ ပထမဆုံး အမျိုးသမီးဗလီဆရာမ ဦးဆောင်ဝတ်ပြုခွင့် ရရှိတော့မှာပါ။ [caption id="attachment_79490" align="aligncenter" width="522"]ဓာတ်ပုံ - (Katie Falkenberg, Los Angeles Times) ဓာတ်ပုံ - (Katie Falkenberg, Los Angeles Times)[/caption] အမျိုးသမီးသီးသန့် ဗလီဖွင့်လှစ်မယ့်အကြောင်း အမေရိကန်တနိုင်ငံလုံးကို အင်တာနက်လူမှုကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ပြီး နိုင်ငံတ၀န်းက အစ္စလာမ်ဘာသာဝင်အမျိုးသမီး ၁၅၀ လောက် ဒီသမိုင်းဝင်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ နီဗားဒါးပြည်နယ်၊ လာ့ဗေးဂတ်မြို့က လာရောက်သူတဦးကတော့ အခုလို အမျိုးသမီးတွေ သီးသန့်စုစည်းခွင့်ရပြီး ဘာသာရေးဆွေးနွေးခွင့်ရတာဟာ နောက်လာမယ့် မျိုးဆက်လူငယ်တွေအတွက်လည်း အရေးကြီးကြောင်း၊ ဗလီကြီးတွေမှာ လူများပြားလွန်းပြီး အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြား ခွဲခြားထားတာရှိတဲ့အတွက် အခုလိုက ပိုအဆင်ပြေလိမ့်တယ်လို့ ပြောဆိုပါတယ်။ ဒီအမျိုးသမီးဗလီကို တည်ထောင်ခဲ့သူ မာဇာဗီ Maznavi ကတော့ ဒီလိုသီးသန့်ဗလီတခုဖွင့်လှစ်ဖို့ ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အမျိုးသမီးခေါင်းဆောင်မှုပညာနဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ သမိုင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့အပြီး အခုလို အကောင်အထည်ဖော်ဖြစ်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ “အမျိုးသားတွေနဲ့ တွဲတက်ရတဲ့ဗလီတွေမှာ ထုံးစံအရ ဗလီဆရာတွေပဲ ဦးဆောင်ကြပြီး ဘာသာရေးအရ ဘာသာရေးခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ဖို့ အမျိုးသမီးတွေအတွက် အခွင့်အရေးနည်းတယ်။ ဒါကြောင့် အခုလိုထူထောင်ဖြစ်ခဲ့တာပါ” လို့ ပြောဆိုပါတယ်။ ထုံးစံအရတော့ မွတ်စလင်အမျိုးသမီးတွေဟာ တလမှာ တခါ ဗလီတက်ဝတ်ပြုရတာဖြစ်ပေမယ့် ဒီအမျိုးသမီး သီးသန့်ဗလီကတော့ တပတ်တခါဝတ်ပြုဗလီတက်ဖို့ စီစဉ်မယ်လို့ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up