သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် ကော်စတာ မန်စီးတီးနှင့်ပွဲ လွဲချော်ပြီ

902
ချဲလ်ဆီးအသင်း တိုက်စစ်မှူး ဒီယေဂို ကော်စတာဟာ လီဗာပူးနောက်ခံလူ အဲမရီခန်းကို ဆောင့်နင်းတယ်လို့ စွပ်စွဲခံထားရတဲ့အမှုအတွက် သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာကြောင့် မန်စီးတီးနဲ့ ကစားမယ့် ဒီနေ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
[caption id="attachment_79483" align="aligncenter" width="493"]
ဓာတ်ပုံ - ACTION IMAGES[/caption]
ဇန်န၀ါရီလ ၂၇ ရက်နေ့က စတန်းဖို့သ်ဘရစ်ကွင်းမှာ ကစားတဲ့ Capital One အကြို ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ် ပထမပိုင်းမှာ စပိန်တိုက်စစ်မှူးက ဂျာမန် ကစားသမားကို ဆောင့်နင်းခဲ့တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီပွဲမှာ ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
[caption id="attachment_79484" align="aligncenter" width="534"]
ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]
ကော်စတာကို အက်ဖ်အေက အခုလို အပြစ်ဒဏ်မှတ်လိုက်တာဟာ တချို့ ရုပ်မြင်သံကြားဌာနက အားကစားသုံးသပ်သူတွေရဲ့ ပြောဆိုချက်အပေါ် အခြေခံတယ်လို့ ချဲလ်ဆီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောပါတယ်။
တကယ်တော့ အပြစ်ကျူးလွန်မှုမဟုတ်ဘဲ မတော်တဆ သက်သက်ပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“နေရာကောင်းမှာ လစာကောင်းကောင်းယူထားတဲ့ လူဆိုတာ ရိုးသားဖို့ လိုတယ်” လို့ မော်ရင်ဟိုက အားကစား သုံးသပ်သူတွေကို ရည်ညွှန်းပြီး ဝေဖန်လိုက်ပြန်ပါတယ်။