A d v e r t i s e m e n t With Us

အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ကို သတ်လိုက်ကြောင်း အိုင်အက်စ် ကြေညာ

အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်က လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး အယောက် ၃၀ ကို သတ်လိုက်တယ်လို့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေက ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်သမ္မတ အဒဲဖာတာ အယ်လ်စီစီဟာ အာဖရိက သမဂ္ဂ ထိပ်သီးညီလာခံကို တက်ဖို့ အီသီယိုပီးယားကို ရောက်နေရာက အီဂျစ်နိုင်ငံကို ပြန်လာခဲ့ရပါတယ်။ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆိုင်းနိုင်းကျွန်း ဆွယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေကို သီးခြားတိုက်ခိုက်မှုလေးခုဟာ လတ်တလော နှစ်တွေအတွင်း သွေးအစွန်းဆုံး ဖြစ်ရပ်ပါ။ ခရိုင်မြို့တော် အယ်လ်အာရစ်ရှ်က အကြီးအကျယ် အစောင့်ချထားတဲ့ အခြေစိုက်စခန်းနဲ့ စစ်တပ်ဟိုတယ်ကို ဗုံးခွဲမှုကြောင့် လူအများဆုံးသေခဲ့ရပါတယ်။ ဗုံးကြောင့် အပိုင်းပိုင်းအစစ ဖြစ်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထည့်ထားတဲ့ အိတ်၃၀ ကို ဒေသမြို့တော်ကနေ ကိုင်ရိုကို ဇန်န၀ါရီ ၃၁ ရက်နေ့ မနက်က စစ်လေယာဉ် ၃ စီးနဲ့ သယ်သွားပြီလို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၅ ဦး အခြေအနေစိုးရိမ်ရလို့ သေဆုံးသူ အရေအတွက် ပိုမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်၊ အစ္စရေးနယ်စပ်တို့နဲ့နီးတဲ့ ရှိတ်ခ် ဇူဝိဒ်ရွာမှာ စစ်သားတွေနဲ့ စစ်သွေးကြွတွေ ဇန်န၀ါရီ ၂၉ ရက်နေ့က တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပါတယ်။ မွတ်စလင်ညီနောင်များအဖွဲ့က အီဂျစ်သမ္မတ မိုဟာမဒ် မော်စီရာထူး ကျပြီးနောက်ပိုင်းကတည်းက ဆိုင်းနိုင်းကျွန်းဆွယ်အခြေစိုက် အစ္စလာမ္မစ်သူပုန်ထမှု ပိုပြင်းထန် လာခဲ့တာပါ။ ရာနဲ့ချီတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေလည်း အသတ်ခံခဲ့ရပါတယ်။ မွတ်စလင်ညီနောင်များအဖွဲ့ကတော့ သူပုန်ထမှုနဲ့ ပတ်သက်တယ်ဆိုတဲ့အချက်ကို ငြင်းဆိုထားပါတယ်။ ဓာတ်ပုံ - အေအက်ဖ်ပီ [gallery ids="79474,79478,79479,79480"]

A d v e r t i s e m e n t With Us

More News
Up