ဧရာဝတီသပိတ်စစ်ကြောင်း ဆက်လက်ချီတက် (ဓာတ်ပုံ)








1.1K
ဧရာဝတီတိုင်းက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကျောင်းသားတွေဟာ ဒီနေ့မနက်လည်း ပုသိမ်မြို့မှာ ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်နေကြပါတယ်။
ဧရာဝတီ သပိတ်စစ်ကြောင်းဟာ မနေ့က စတင်ပြီး ပုသိမ်မြို့တွင်းက ကျောင်းတွေကို လှည့်လည်စည်းရုံးပြီး ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။
သပိတ်စစ်ကြောင်းဟာ ဒီရက်ပိုင်းမှာ မြို့ထဲကနေ မထွက်ဘဲ ကျောင်းတွေကိုပတ်သွားမှာဖြစ်ပြီး လာမယ့် ၁ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအပေါ်မှာမူတည်ပြီး ထွက်ဖို့အစီစဉ်ရှိတယ်လို့လည်း ပြောပါတယ်။
ဓာတ်ပုံ - Zaw Yann
[gallery ids="79460,79461,79462,79463,79464,79465,79466,79468,79469"]