A d v e r t i s e m e n t With Us

အမှားအတွက် စီရော်နယ်ဒို ပြန်တောင်းပန်၊ ထပ်မံမဖြစ်စေရဟု အာမခံ

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက သူလုပ်ခဲ့မိတဲ့ အမှားအတွက် ၀န်ခံလိုက်ပြီး နောက်တခါ ဒါမျိုး မဖြစ်စေရပါဘူးလို့ အာမခံလိုက်ကြောင်း နည်းပြ အန်ဆလောတီက ပြောပါတယ်။ 518622985-Cristiano-Ronaldo-Receives-Game-Banပြီးခဲ့တဲ့အပတ်က  ကော်ဒိုဘာအသင်း ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲပြီးကာနီး  ရော်နယ်ဒိုက ကော်ဒိုဘာနောက်ခံလူ အဒီမာရ်ကို ကန်ကျောက်ခဲ့ပြီး မျက်နှာကိုရိုက်ဖို့ လက်နဲ့ ရွယ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုကို တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ အဒီမာရ်က ဒီကိစ္စကို အရေးယူပေးဖို့ လာလီဂါစည်းကမ်းထိန်းသိမ်းရေးကော်မတီကို တိုက်တွန်းခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီအဖြစ်အပျက်အတွက် အလျင်အမြန် တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ရော်နယ်ဒို ကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ဒီအတွက် လာမယ့် လာလီဂါပွဲတွေဖြစ်တဲ့  ရီးရဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့ကစားမယ့် ပွဲစဉ်တွေမှာ ကစားခွင့်မရတော့ပါဘူး။ သူအမှားလုပ်ခဲ့တာကို သူသိလို့ ပွဲပြီးတော့ တောင်းပန်ခဲ့ပါတယ်၊ အပြစ်ပေးထားတာကို ခံယူပြီးရင် နောက်တခါ ဒါမျိုး ထပ်မဖြစ်တော့ပါဘူးလို့ အာမခံခဲ့ကြောင်း နယ်ပြ အန်ဆလောတီက ပြောပါတယ်။ ရော်နယ်ဒိုဟာ အခုနှစ်ဘောလုံးရာသီမှာ  ရီးရဲလ်အတွက် စုစုပေါင်း ၃၁ ပွဲကစားပေးထားပြီး ၃၆ ဂိုး သွင်းယူပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up