A d v e r t i s e m e n t With Us

ပါကစ္စတန် ဗလီတခုတွင် ၀တ်ပြုချိန် ဗုံးကွဲ၊ အယောက် ၄၀ သေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ရှိကာပါမြို့မှာ မနေ့က ဗလီဝတ်ပြုချိန်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။ အသေခံ ဗုံးခွဲတိုက်ခိုက်မှုလို့ ဒေသခံ သတင်းတွေက ဆိုပေမယ့် ပါကစ္စတန်လုံခြုံရေးတွေက စုံစမ်းမှုတွေ လုပ်နေကြပါတယ်။ ဒီဗုံးခွဲမှုကို ပါကစ္စတန်တာလီဘန် အဖွဲ့ခွဲ ဖြစ်တဲ့ ဂျန်ဒူလာ အဖွဲ့က သူတို့ လက်ချက်လို့ပြောပါတယ်။ အဲဒီအဖွဲ့က အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အဖွဲ့ကို ထောက်ခံတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပေါက်ကွဲမှုအတွင်း ဗလီခေါင်မိုး ပြိုကျခဲ့ပြီး အဲ့ဒီအောက်မှာ ပိတ်မိနေသူတွေလည်း ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ နိုင်ငံတောင်ပိုင်းက ကရာချီမြို့ကို ၀န်ကြီးချုပ် နာဝပ်ရှာရစ် သွားရောက်ချိန်မှာ အခုလိုပေါက်ကွဲခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါဝင်ပြီး တိုက်ခိုက်မှုကို ချက်ချင်းစုံစမ်းဖို့လည်း ၀န်ကြီးချုပ်က ညွှန်ကြားထားပါတယ်။ အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဆင်း Sindh  ပြည်နယ်အတွင်းပိုင်းမှာ အလယ်အလတ်သဘောထားရှိတဲ့ ဆူဖီ Sufi မွတ်စလင်တွေ အနေများပြီး အခုလို ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ သိပ်မရှိခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="79449,79450,79451,79452,79453"]

A d v e r t i s e m e n t With Us

More News
Up