A d v e r t i s e m e n t With Us

လူငယ်အများစု စိတ်ဝင်စားသည့် ဘားကမ့်ရန်ကုန် ၂၀၁၅ (ဓာတ်ပုံ)

  လူငယ်တွေ အများစု စိတ်ဝင်စားတဲ့ ဘားကမ့်ရန်ကုန်ရဲ့  ၆ ကြိမ်မြောက် တွေ့ဆုံပွဲ  Barcamp Yangon 2015 ကို  ရန်ကုန်  MICT Park မှာ ဒီနေ့ စတင်ကျင်းပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နဲ့  ဖေဖော်ဝါရီလ ၁ ရက် စနေ တနင်္ဂနွေ နှစ်ရက် ကျင်းပမှာ ဖြစ်ပါတယ်။ ဘားကမ့်ဆိုတာ ဆွေးနွေးပွဲ အကြောင်းအရာမျိုးစုံကို  တချိန်တည်း တပြိုင်တည်း ဖန်တီးပေးထားပြီး  တက်ရောက်လာသူတွေက မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ရွေးချယ်ပြီး အချိန်ဇယားအတိုင်း၊ စီစဉ်ထားတဲ့ ခန်းမတွေမှာ တက်ရောက်နိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီနှစ် Barcamp Yangon  တွေ့ဆုံပွဲမှာ  နည်းပညာဆိုင်ရာ အကြောင်းအရာ အပြင် တခြား အကြောင်းအရာတွေလည်း စီစဉ်ထားတယ်လို့ ပွဲ စီစဉ်သူတွေက ပြောပါတယ်။ BarCamp Yangon ကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပတဲ့ ၂၀၁၀ ခုနှစ်မှာ တက်ရောက်သူ ၃၀၀၀ လောက်၊ ၂၀၁၁ ခုနှစ်မှာ ၄၀၀၀ လောက်၊  ၂၀၁၂ ခုနှစ်မှာ  ၅၀၀၀ လောက်၊ ၂၀၁၃ ခုနှစ်မှာ  ၆၃၀၀ လောက်၊  ၂၀၁၄ ခုနှစ်မှာ  ၄၀၀၀ လောက် ရှိခဲ့တယ်လို့ စိစဉ်သူတွေက သတင်းထုတ်ပြန်ထားပါတယ်။ Barcamp Yangon ဟာ နိုင်ငံတကာမှာ ကျင်းပတဲ့ BarCamp တွေထဲမှာ  တက်ရောက်လေ့လာသူ အများဆုံးသော BarCamp တခုအဖြစ် စံချိန် တင်ထားနိုင်တယ်လို့လည်း သိရပါတယ်။ [gallery ids="79434,79435,79436,79437,79438,79439,79440,79441,79442,79443"]

A d v e r t i s e m e n t With Us

More News
Up