ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးက ဗဟိုထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း ပေါင်ပတ်ချယာပန်နဲ့ လက်ထောက်တဦး ဘုရင်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ မနေ့က ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။
[caption id="attachment_79412" align="aligncenter" width="473"]

ပေါင်ပတ်ချယာပန် (ဓာတ်ပုံ - Apichart Jinakul)[/caption]

နဂိုပြစ်ဒဏ်က ၁၂ နှစ် ဖြစ်ပေမယ့် နှစ်ယောက်စလုံးက အပြစ်ကို ၀န်ခံခဲ့တဲ့အတွက် လျှော့ပေါ့ပေးလိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာလအတွင်း ရဲက သူတို့အိမ်တွေကို ၀င်ရောက် ရှာဖွေတဲ့အခါမှာ ငွေထုပ်တွေ၊ ဇိမ်ခံကားတွေနဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ စုစုပေါင်းဖမ်းမိတဲ့ ပစ္စည်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်း ၁ ထောင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
ပေါင်ပတ်ချယာပန်ဟာ ထိုင်းအိမ်ရှေ့မင်းသားရဲ့ မိဖုရားဟောင်း စရီရက်စမီရဲ့ ဦးရီးတော်လည်း ဖြစ်ပါတယ်။
ဒီအမှုaကြာင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိဖုရား စရီရက်စမီဟာ တော်ဝင်မိသားစုဝင် ဘ၀ကနေ နုတ်ထွက်ခဲ့တယ်လို့ နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။