ဘုရင်အကြည်ညိုပျက်စေမှုဖြင့် ထိုင်းထောက်လှမ်းရေးအကြီးအကဲ ၂ ဦးကို ထောင်ဒဏ်ချမှတ်

ပေါင်ပတ်ချယာပန် (ဓာတ်ပုံ - Apichart Jinakul)
ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးက ဗဟိုထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း  ပေါင်ပတ်ချယာပန်နဲ့ လက်ထောက်တဦး ဘုရင်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ မနေ့က ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။ [caption id="attachment_79412" align="aligncenter" width="473"]ပေါင်ပတ်ချယာပန် (ဓာတ်ပုံ - Apichart Jinakul) ပေါင်ပတ်ချယာပန် (ဓာတ်ပုံ - Apichart Jinakul)[/caption] 755872နဂိုပြစ်ဒဏ်က ၁၂ နှစ် ဖြစ်ပေမယ့် နှစ်ယောက်စလုံးက အပြစ်ကို ၀န်ခံခဲ့တဲ့အတွက် လျှော့ပေါ့ပေးလိုက်တာ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ရဲက သူတို့အိမ်တွေကို ၀င်ရောက် ရှာဖွေတဲ့အခါမှာ ငွေထုပ်တွေ၊ ဇိမ်ခံကားတွေနဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ စုစုပေါင်းဖမ်းမိတဲ့ ပစ္စည်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်း ၁ ထောင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ပေါင်ပတ်ချယာပန်ဟာ ထိုင်းအိမ်ရှေ့မင်းသားရဲ့ မိဖုရားဟောင်း စရီရက်စမီရဲ့ ဦးရီးတော်လည်း ဖြစ်ပါတယ်။ ဒီအမှုaကြာင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိဖုရား စရီရက်စမီဟာ တော်ဝင်မိသားစုဝင် ဘ၀ကနေ နုတ်ထွက်ခဲ့တယ်လို့ နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up