A d v e r t i s e m e n t With Us

အစိုးရ၀န်ထမ်းများ ရုံးချိန်အတွင်း ဖေ့ဘွတ်ခ်နှင့်လိုင်း မသုံးရန် ထိုင်းတားမြစ်

ထိုင်းနိုင်ငံက အစိုးရ ၀န်ထမ်းတွေက လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ်နဲ့ လိုင်းကို အလုပ်ချိန်အတွင်း မသုံးဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။ ဇန်န၀ါရီ ၂၈ ရက်မှာ နိုင်ငံတ၀န်းက ခရိုင်အစိုးရရုံးတွေကို ဒီအမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အစိုးရရုံးက ကွန်ပျူတာတွေ ကနေပါ သုံးခွင့် တားမြစ်လိုက်တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်း က ရေးပါတယ်။ 9498_13010217482935 facebook-blockတားမြစ်ရတဲ့ အကြောင်းအရင်းကတော့ ရုံးက တချို့ ၀န်ထမ်းတွေက လူမှုရေးကွန်ရက်ကို အသုံးပြုနိုင်ဖို့ အလုပ်က ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတွေကို အသုံးပြုနေတာကို တွေ့ရတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် လူမှုရေးကွန်ရက်မှာ မတော်မလျော်တွေ တင်မယ်၊ ပုဂ္ဂိုလ်ရေး အီးမေးလ်ကြောင့် တခြားသူကို ထိခိုက်မယ်ဆိုရင် ကွန်ပျူတာ ရာဇ၀တ်မှု ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အမိန့်မှာ ပါတယ်လို့ သတင်းက ရေးပါတယ်။ ကြီးကြပ်တဲ့သူတွေကလည်း အမိန့်ကို အလေးမထားရင် အရေးယူ အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ကလည်း အစိုးရရုံး အင်တာနက်တွေကနေ တဆင့် ဖေ့ဘွတ်ခ် အပါအ၀င် ၀က်ဆိုဒ် ၁၀ ခုကို မသုံးဖို့ အမိန့်ထုတ်ပြန်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up