ချစ်သူကို ကာကွယ်လိုက်သည့် တင်းနစ်သမား အန်ဒီမာရေး

1K
ဆီးမီးဖိုင်နယ် ယှဉ်ပြိုင်ကစားစဉ် ပြိုင်ဘက်ကစားသမား တောမတ် ဘာချီကို ဆဲရေးထိုင်းထွာလိုက်တဲ့ ချစ်သူ ကင်ဆီးယာစ်ကို ဗြိတိန် နံပါတ် ၁ တင်းနစ်သမား အန်ဒီမာရေးက ကာကွယ်ပြောဆိုလိုက်ပါတယ်။
တင်းနစ်ပွဲမှာ မာရေး အသာစီးမရတဲ့အခြေအနေမှာ ကင်ဆီယားစ်ရဲ့ ဆဲရေးတိုင်းထွာနေတဲ့ ပုံတွေကို ကင်မရာမှာ မြင်တွေ့ခဲ့ရပြီး လူမှုရေး ကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေတာပါ။
စိတ်လှုပ်ရှားနေတဲ့အချိန်မှာ နောင်မှာ ပြန်နောင်တရမယ့်အရာတွေကို နှုတ်ကနေ ရေရွတ်မိတတ်တယ်လို့ အန်ဒီမာရေးက ပြောပါတယ်။
ဆီးမီးဖိုင်နယ် အစောပိုင်းယှဉ်ပြိုင်ကစားစဉ်က တင်းမာမှုတချို့ရှိခဲ့သလို ဘာချီက ဘောလုံးနဲ့ပတ်သက်ပြီး မကျေမနပ် ပြောဆိုချက်ကို မာရေးက စိတ်တိုခဲ့ပြီး အပြန်အလှန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ဒီပွဲမှာ မာရေးက အနိုင်ရရှိပြီး ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်နဲ့ စတန် ဝေါ်ရင်ကာ ကစားမယ့် ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ကစားရမှာ ဖြစ်ပါတယ်။