A d v e r t i s e m e n t With Us

စားသုံးသူ ဆက်တိုက်ကျဆင်းမှုကြောင့် မက်ဒေါနယ်စီအီးအို ရာထူးက နုတ်ထွက်မည်

မက်ဒေါနယ်စားသုံးသူ ဖောက်သည် ဦးရေ ဆက်တိုက်ကျဆင်းခဲ့တာကြောင့် မက်ဒေါနယ်စားသောက်ကုန်ကုမ္ပဏီကြီးရဲ့ စီအီးအို ဒွန်တွန်ဆန် (Don Thompson) ဟာ အခုလကုန် ရာထူးက နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ ဗြိတိန်နိုင်ငံဖွား လက်ရှိလည်း မက်ဒေါနယ်ကုမ္ပဏီအရာရှိတဦးဖြစ်တဲ့ စတိဖ် အီစတာဘရုခ် (Steve Easterbrook) နဲ့အစားထိုးမှာဖြစ်ပါတယ်။ စီအီးအို တွန်ဆန် (Thompson) ကတော့ မနုတ်ထွက်ခင်အထိ  မက်ဒေါနယ်မှာ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေး ၃ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံပဲ ၀င်ငွေရရှိခဲ့ပြီး အရင်တနှစ် ၃ လပတ်ကထက် ၀င်ငွေ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က မက်ဒေါနယ်စားသောက်ကုန်တွေမှာ မသန့်ရှင်းမှုတွေ ဖြစ်ခဲ့တာ၊ ဆိုင်ဝန်ထမ်းတွေကလည်း လုပ်ခလစာတိုးတောင်းမှု ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။ တခါ အမေရိကန်နိုင်ငံမှာ  ဖောက်သည်တွေက ပြိုင်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ ချီပိုတလ် (Chipotle) နဲ့ Shake Shack ဆိုင်တွေမှာ ပြောင်းလဲစားသောက်လာကြတာလည်း ဖြစ်ပါတယ်။ လာမယ့်မတ်လကစပြီး စီအီးအိုသစ် စတိဖ် အီစတာဘရုခ် (Steve Easterbrook) က တာဝန်ယူတော့မှာကြောင့် ပထမဆုံး အမေရိကန်နိုင်ငံသားမဟုတ်တဲ့ မက်ဒေါနယ်စီအီးအိုဖြစ်လာပါမယ်။

A d v e r t i s e m e n t With Us

More News
Up