A d v e r t i s e m e n t With Us

မီဒီယာဆွေးနွေးပွဲ ထိုင်းအာဏာသိမ်းအစိုးရ တားမြစ်

ထိုင်းနိုင်ငံက ရွေးကောက်ခံ အစိုးရထံက အာဏာသိမ်းပြီးနောက် မီဒီယာ တားမြစ်မှု ဆိုင်ရာ ဖိုရမ်ကို ထိုင်းအာဏာသိမ်းအစိုးရက တားမြစ်လိုက်ပါတယ်။ [caption id="attachment_79373" align="alignleft" width="300"]ဓာတ်ပုံ (ရိုက်တာ) ဓာတ်ပုံ (ရိုက်တာ)[/caption] ဇန်န၀ါရီလ ၃၀ မှာ ကျင်းပမယ့် ဖိုရမ်ကို ထိုင်း စစ်အာဏာသိမ်း ခေါင်းဆောင်တွေက ရွှေ့ဆိုင်းခိုင်းလိုက်တဲ့ တောင်းဆိုချက်အတိုင်း လိုက်နာသွားမယ်လို့ ဖိုရမ်ကို ဦးစီး ကျင်းပတဲ့ ဂျာမနီ ဖောင်ဒေးရှင်း ဖရီဒရစ်ခ်ျ အဲဗတ် စတိဖ်တောင် လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာ ရေးသားချက်ကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။ စစ်တပ်ရဲ့ တောင်းဆိုချက်ဟာ အမိန့်သဘောမျိုး သက်ရောက်တယ်လို့လည်း သတင်းက ရေးပါတယ်။ စစ်တပ်ပြောခွင့်ရ ၀ီထိုင်း ဆူဗာရီကတော့ ပွဲကျင်းပတဲ့သူတွေက အာဏာပိုင်တွေကို ဖိုရမ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ကြိုတင်သင့်ပေမယ့် မတင်တဲ့ အတွက် ထိခိုက် လွယ်တဲ့ အချိန်မှာ ရွှေ့ဆိုင်းလိုက်တာလို့ ပြောပါတယ်။ ဖိုရမ်ကို ပူးတွဲကျင်းပတဲ့ ထိုင်းဂျာနယ်လစ် အဖွဲ့ကပြောခွင့်ရကတော့ ဒီပွဲရွှေ့ဆိုင်းလိုက်တဲ့ အပေါ် စိတ်မကောင်းသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်ရတယ်လို့ ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up