Live
Home
မြန်မာသတင်း
ဝန်ထမ်းများအတွက် အခမဲ့ဆေးကုစရိတ် ကျပ် ၃၇ ဘီလီယံ တောင်းခံ
DVB
·
January 30, 2015
နိုင်ငံဝန်ထမ်းတွေအတွက် အခမဲ့ဆေးကုသစရိတ်အပါအ၀င် ကျန်းမာရေးအသုံးစရိတ် စုစုပေါင်း ကျပ်ငွေ ၇၅၇ ဒသမ ၄ ဘီလီယံချပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က  ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံလိုက်ပါတယ်။ ဇန်န၀ါရီ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ တင်ပြ သွားတာပါ။ [caption id="attachment_63533" align="aligncenter" width="586"] ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org) ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org)[/caption] ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က ကျန်းမာရေးအသုံးစရိတ် စုစုပေါင်း  ၇၅၇ ဒသမ ၄ ဘီလီယံ တင်ပြထားပြီး ရန်ပုံငွေရဲ့ ၃ ပုံ ၂ ပုံကို ပြည်သူ့ ဆေးဝါးကုသရေးအတွက် သုံးဖို့လျာထားတဲ့အကြောင်း ကျန်အသုံးစရိတ်တွေကိုတော့ ကုသရေးဦးစီးဌာနရဲ့ လစာစရိတ်၊ ဆေးဝါး၊ စက်ပစ္စည်းဝယ်ယူစရိတ်နဲ့ အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်ရာမှာ သုံးစွဲသွား မယ်လို့  ပြောပါတယ်။ ဒါ့ပြင် အထူးအစီအစဉ်အနေနဲ့  နိုင်ငံ့ဝန်ထမ်းတွေကို အခမဲ့ဆေးကုသမှုပေးနိုင်ဖို့ ၀န်ထမ်း အင်အား ၉ သိန်းအတွက် ပျမ်းမျှ ၄ သောင်းနှုန်းနဲ့ တွက်ချက်ပြီး ဆေးကုသစရိတ် ကျပ်ငွေ  ၃၇ ဘီလီယံ လျာထားတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စစ်အသုံးစရိတ်ကို များများသုံးပြီး ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံးသုံးတဲ့နိုင်ငံ တနိုင်ငံအဖြစ်ဝေဖန်ခံနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ  မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဘတ်ဂျက်က  အစိုးရဘတ်ဂျက်ရဲ့၃ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်တဲ့ ကျပ်ငွေ ၆၅၂  ဘီလီယံရရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူတဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ်ကျခံသုံးစွဲမှု တနှစ်ကို အနည်းဆုံးကန်ဒေါ်လာ ၃၀ ကနေ ၄၅ ဒေါ်လာအထိ ရှိသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပြု ထားတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူတဦးချင်းအတွက် ကျန်မာရေး စရိတ်သုံးစွဲမှု တနှစ် ကန်ဒေါ်လာ ၁၁ ဒေါ်လာနှုန်းလောက်ပဲရှိနေတာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ လာမည့်ဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတ်ကိုတော့ ကျပ်ငွေ ၂၇၅၀ ဘီလီယံချပေးဖို့  လွှတ်တော်မှာ တောင်းခံထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024