A d v e r t i s e m e n t With Us

ထိုင်းနှင့်မလေးရှား နှစ်နိုင်ငံ နယ်စပ်ပြဿ နာ ဆွေးနွေး

ထိုင်း ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ရာဝစ် ဝေါင်ဆုဝန်ဟာ မလေးရှား ဒုဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ပြဿ      နာအရေး ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ၅၂ ကြိမ်မြောက် ထိုင်း-မလေးရှား နယ်စပ်ကော်မတီ အစည်းအဝေးမှာ အခုလို တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ  နှစ်နိုင်ငံ နယ်စပ်ရေးရာ ပြဿ  နာတွေအပြင်၊ ထိုင်းတောင်ပိုင်း ပြဿနာမှာ မလေးရှားက အကူအညီပေးဖို့ကိစ္စတွေကို ဆွေးနွေးဖွယ် ရှိပါတယ်။ Untitled-5 copyထိုင်းအစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေးအုပ်စုတွေကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လောလောဆယ်မှာ ရပ်တန့်နေပါတယ်။ လက်ရှိ စစ်အစိုးရဟာ အဆင့် ၃ ဆင့်ပါတဲ့ လုပ်ငန်းစဉ်ကို ကြေညာထားပြီး ပထမ အဆင့်မှာတော့ ခွဲထွက်ရေး အုပ်စုတွေထဲက ဘယ်အဖွဲ့နဲ့ ဆွေးနွေးမလဲဆိုတာကို မလေးရှားအစိုးရက သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ မလေးရှားအစိုးရကလည်း ထိုင်းတောင်ပိုင်းက ခွဲထွက်ရေးအုပ်စုတွေ ပြဿနာကို ပြေလည်သွား အောင် အကူအညီပေးဖို့ ကတိပြုထားပါတယ်။ အစည်းအဝေးမှာ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးကိစ္စနဲ့ လူကုန်ကူးမှုကိစ္စတွေကိုလည်း ဆွေးနွေးကြတယ်လို့ ထိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။ မလေးရှားဒုဝန်ကြီးချုပ်ဟာ ဇန်န၀ါရီ ၃၀ ရက် ဒီနေ့ နေ့ခင်းပိုင်းမှာ မလေးရှားကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up