မဲနှိုက်ပြီး ဂီနီအာ အာဖရိကဖလား ကွားတားတက်
၂၀၁၅ ခုနှစ် အာဖရိကဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဃ)က အမှတ်၊ သွင်းဂိုး၊ ရဂိုးတွေတူနေလို့ မာလီနဲ့ ဂီနီအာတို့ ကွားတားတက်ရေး မဲနှိုက် အဆုံးအဖြတ်ခံယူရမှာတော့ ဂီနီအာအသင်းက ကွားတားတက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဒီနှစ်သင်းယှဉ်ပြိုင်ရာမှာ တဂိုးစီ သရေကျခဲ့ပြီး အားလုံး တူညီနေတဲ့ အတွက် အသင်းက တာဝန်ရှိသူတွေ မဲနှိုက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အာဖရိက ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည် မဲနှိုက် အဆုံးအဖြတ်ခံယူရတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ဂီနီအာ အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂါနာ အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်နေတဲ့ အာဖရိက ဖလားဘောလုံးပြိုင်ပွဲဟာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင်တော့မှာ ဖြစ်သလို ကွာတားဖိုင်နယ်ကို အသင်း ၈ သင်း တက်ရောက်သွားပါတယ်။
ဇန်န၀ါရီ ၃၁ ရက်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် ကွန်ဂိုနဲ့ ကွန်ဂို သမ္မတနိုင်ငံ၊ တူနီးရှားနဲ့ အီကွေတိုးရီးယား ဂီနီအာ၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဂါနာနဲ့ ဂီနီအာ၊ အိုင်ဗရီကိုစ်နဲ့ အယ်ဂျေးရီးယား အသင်းတွေ ကစားမှာ ဖြစ်ပါတယ်။
[gallery ids="79281,79283,79286,79282,79284,79285"]