A d v e r t i s e m e n t With Us

ပျောက်ဆုံး MH370 ခရီးသည်များ အသက်ရှင်သူမရှိနိုင်ဟု မလေးကြေညာ

ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း MH370 ဟာ တိုက်ဆိုင်မှုတခုနဲ့ ပျောက်ဆုံးသွားတာဖြစ်ပြီး အသက်ရှင်သူမရှိဘူးလို့ ယူဆရကြောင်း မလေးရှားအစိုးရက ဇန်န၀ါရီ ၂၉ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။ [caption id="attachment_79274" align="aligncenter" width="523"]မလေးရှားလေကြောင်းပို့ဆောင်ရေး ညွှန်ချုပ် မလေးရှားလေကြောင်းပို့ဆောင်ရေး ညွှန်ချုပ်[/caption] လေယာဉ်ပျောက်ဆုံးသွားပြီး ၁၀ လအကြာမှာ အခုလို မလေးရှားလေကြောင်းပို့ဆောင်ရေး ညွှန်ချုပ် Azharuddin Abdul Rahma က ကြေညာခဲ့ဖြစ်ပြီး လေယာဉ်ရှာဖွေရေးကိုတော့ ဆက်လုပ်သွားမယ်လို့ ပြောဆိုပါတယ်။ _80640716_captureအခုလို မလေးရှားအစိုးရက တရားဝင်ကြေညာလိုက်တာကြောင့် သေဆုံးသွားကြပြီဖြစ်တဲ့ ခရီးသည်တွေရဲ့ မိဘဆွေမျိုးတွေကို လျော်ကြေးပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ လေယာဉ်ဟာ မူလလမ်းကြောင်းကနေ ဘယ်လိုကြောင့် မိုင်ထောင်ချီ လမ်းကြောင်းပြောင်းပြီး ပျံသန်းပျောက်ဆုံးသွားတယ်ဆိုတာကို နိုင်ငံတကာလေကြောင်း ကျွမ်းကျင်သူတွေက အခုချိန်အထိ အဖြေမထုတ်နိုင်သေးပါဘူး။ လက်ဆုပ်လက်ကိုင်ပြစရာ အထောက်အထားမရှိဘဲ မလေးရှားအစိုးရက အခုလိုကြေညာလိုက်တဲ့အပေါ်ကို ခရီးသည်တွေရဲ့ မိဘဆွေမျိုးတွေက မေးခွန်းထုတ်ကြပါတယ်။ မလေးရှားအစိုးရက လေယာဉ်ရှာဖွေရေးကို ဆက်မလုပ်ချင်တော့လို့ လျော်ကြေးပေးအမှုပိတ်တာဖြစ်မယ်လို့ မလေးရှားအစိုးရကို စွပ်စွဲကြပါတယ်။ malaysia-declares-mh370-an-accident-airline-to-proceed-with-compensationလေယာဉ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက် အစီရင်ခံစာကို လေယာဉ်ပျောက်ဆုံးခဲ့တဲ့ နှစ်ပတ်လည်မတိုင်ခင် မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း Abdul Rahm က ဆိုပါတယ်။ ဘိုရင်း ၇၇၇ လေယာဉ်ဟာ ခရီးသည် ၂၃၉ ဦး၊ လေယာဉ်အမှုထမ်းတွေနဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ပျံသန်းရင်း ပျောက်ဆုံးခဲ့တာပါ။ခရီးသည်တွေရဲ့ ၃ ချိုး ၂ ချိုးလောက်ဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။ ခေတ်မီနည်းပညာအပြည့်အစုံတပ်ဆင်ထားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ကြီးတစီးလုံး ပျောက်ဆုံးခဲ့တာ ၁ နှစ်နီးပါးကြာလာပြီဖြစ်ပေမယ့် လေယာဉ်နဲ့ပတ်သက်ပြီး သတင်းအစအန ဘာတခုမှ မရရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up