ခန္ဓာကိုယ် အစိတ်အပိုင်းထည့်ထားသည့် လက်ဆွဲသေတ္တာ အမေရိကန် ရဲများတွေ့

4K
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို မြို့က ရဲအဖွဲ့ဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထည့်ထားတဲ့ လက်ဆွဲသေတ္တာတလုံးကို ဇန်န၀ါရီ ၂၈ ရက်က တွေ့ရှိခဲ့တာကြောင့် အနီးအနားမှာ ရှာဖွေနေပါတယ်။
[caption id="attachment_79257" align="alignright" width="312"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
သတင်းပေးပို့မှုတခုကြောင့် လမ်းဘေးမှာ လက်ဆွဲအိတ်ကို တွေ့ခဲ့တယ်လို့ ဒေသခံ ရုပ်မြင်သံကြားဌာနက ရဲတွေကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။
ဒါကြောင့် ဈေးပတ်ဝန်းကျင်နဲ့ အမှတ် ၁၁ လမ်းကို ပိတ်ဆို့ပြီး ရှာဖွေမှုကို ဆောင်ရွက်ခဲ့ပါတယ်။
နောက်ထပ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထပ်တွေ့ခဲ့ပြီး လက်ဆွဲသေတ္တာထဲက အစိတ်အပိုင်းတွေနဲ့ တယောက်တည်းလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်လူမျိုး ဖြစ်တယ်ဆိုတာလည်းအတည်မပြုနိုင်သေးပါဘူး။။ အစိတ်အပိုင်းတွေကို စစ်ဆေးဖို့အတွက် သေမှုသေခင်းဌာနကို ပို့ထားတယ်လို့လည်း ဆိုပါတယ်။