စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ် ကလပ်အသင်းပိုင် ဆန်တီယေဂို ဘာနေဘူး ဘောလုံးကွင်းကို အဘူဒါဘီ ဘာနေဘူးလို့ နာမည် ပြောင်းလဲ ခေါ်ဝေါ်တော့မှာ ဖြစ်ပါတယ်။
[caption id="attachment_79254" align="alignright" width="284"]

ဓာတ်ပုံ (ရိုက်တာ)[/caption]
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရပိုင် IPIC ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ စပိန်စွမ်းအင်ကုမ္ပဏီ ကက်စပါနဲ့ ရီးရဲလ်တို့ ကွင်းနာမည် ပြောင်းလဲ သုံးစွဲရေး သဘောတူခဲ့တာ ဖြစ်ပါတယ်။
နာမည်ပြောင်းလဲသုံးစွဲတဲ့အတွက် ဒီကုမ္ပဏီက ၁ နှစ်ကို ယူရို သန်း ၂၀ နဲ့  အနှစ် ၂၀ စာချူပ်မှာ ဖြစ်ပါတယ်။
ကမ္ဘာကျော် မိုက်ခရိုဆော့နှင့် ကိုကာကိုလာ ကုမ္ပဏီ တွေကလည်း သူတို့ နာမည်သုံးဖို့ ကြိုးစားနေကြတာဖြစ်ပေမယ့် အာရပ် အစိုးရပိုင် ကုမ္ပဏီက ရရှိသွား တာဖြစ်ပါတယ်။
အာရပ်နာမည်ပြောင်းလိုက်တဲ့အပေါ် ပရိသတ်တချို့ က မကျေနပ်တာတွေ ရှိနေပါတယ်။
၁၉၄၄ ခုနှစ်မှာ ဒီဘောလုံးကွင်းကို စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ ကွင်းဖွင့်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။
ပရိသတ် ရှစ်သောင်းတစ်ထောင် ကြည့်နိုင်တဲ့ ဘောလုံးကွင်းရဲ့ နာမည်ဟာ ဥက္ကဋ္ဌဟောင်း ဆန်တီယေဂို ဘာနေဘူး ရက်စတီကိုဂုဏ်ပြုပြီး ပေးထားခဲ့တာ ဖြစ်ပါတယ်။
ဥရောပဖလားဗိုလ်လုပွဲ ၄ ကြိမ်နဲ့  ၁၉၈၂ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲ ကျင်းခဲ့တဲ့ကွင်းဖြစ်ပါတယ်။