ဂျာမနီ စတုတ္ထတန်းကလပ် ဂျေဗွီအသင်းကို မြန်မာ ယူ ၂၀ အနိုင်ရ

2K
ခြေစမ်းပွဲတွေ ဆက်တိုက်ဆိုသလို ကစားနေတဲ့ နယူးဇီလန် ကမ္ဘာဖလား ပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းဟာ ဂျာမနီ စတုတ္ထတန်း ကလပ် JV 1879 Ehrenhair အသင်းကို ၄ ဂိုး၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဇန်န၀ါရီ ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တာjဖစ်ပြီး မြန်မာအသင်းအတွက် ဂိုးတွေကို ကျောနံပါတ်(၂၀) အောင်သူဖြိုး၊ ကျောနံပါတ်(၁၇) သီဟထက်အောင်၊ ကျောနံပါတ်(၂) ရန်လင်းအောင်၊ ကျောနံပါတ်(၉) အောင်သူတို့က သွင်းယူပေးခဲ့တယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဇန်န၀ါရီ ၂၈ ရက်ကလည်း ဂျာမနီ တတိယတန်း ကလပ် ဘီအေကေ (ဘာလင်) အသင်းတို့ ခြေစမ်းပွဲကစားရာမှာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ဇန်နဝါရီလ ၁၉ ရက်က ကာဂျစ်ကစ္စတန်ကလပ် တာရက်ဇ် Taraza အသင်းနဲ့ ၂-၂ ဂိုး၊ ၂၁ ရက်က အဇာဘိုင်ဂျန် ယူ၂၁ အသင်းနဲ့ပွဲမှာ မြန်မာအသင်းက ၂ -၀ ဂိုးနဲ့ အနိုင်ရခဲ့သလို ၂၆ ရက်က အီရန် ယူ-၂၂ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
[gallery ids="79248,79247,79244,79245,79246"]