A d v e r t i s e m e n t With Us

မြန်မာပြည် လွတ်လပ်ခွင့်ကျဆင်းပြီး ဒီမိုကရေစီလမ်းကြောင်းစလွဲနေ

မြန်မာနိုင်ငံမှာ ပြည်သူလူထုလွတ်လပ်ခွင့်တွေ လျော့နည်းကျဆင်းလာနေပြီး လွပ်လပ်မှုမရှိတဲ့ နိုင်ငံအဖြစ်ဆက်ရှိနေတယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့လွတ်လပ်ခွင့်အခြေအနေ ကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ သတ်မှတ်ဖော်ပြလိုက်ပါတယ်။ freedom in the world 2015မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာအပါအ၀င် မီဒီယာလွတ်လပ်ခွင့် ချုပ်ချယ်ကန့်သတ်မှုတွေကြောင့်  ပြည်သူ့လွတ်လပ်ခွင့်ဟာ အဆင့် ၅ ကနေ အဆင့် ၆ ထိ လျော့နည်းကျဆင်းသွားတယ်လို့  ဇန်န၀ါရီလ ၂၈ ရက်ထုတ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ဒါ့ပြင် နိုင်ငံရေးအခွင့်အရေးနဲ့ပတ်သက်ပြီးလည်း မြန်မာဟာ လွတ်လပ်မှုမရှိတဲ့ နိုင်ငံအဖြစ် ယခင်နှစ်ကအတိုင်း အဆင့် ၆ မှာ အပြောင်းအလဲမရှိ ဆက်လက်သတ်မှတ်ခံထားရပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ Freedom House   ကြေညာချက်မှာတော့ စစ်အုပ်ချုပ်ရေးကို တစိတ်တပိုင်းပဲစွန့်လွှတ်ထားတဲ့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ ဆန္ဒပြသူတွေကို အကြီးအကျယ်ကန့်သတ်ပိတ်ပင်တာ၊ ရိုဟင်ဂျာလူနည်းစုတွေကို အကြမ်းဖက်ခွဲခြားဆက်ဆံတာနဲ့ ကိုးကွယ်ဘာသာကူးပြောင်းတာနဲ့ ဘာသာခြား လက်ထပ်တာကို တားဆီးတဲ့ဥပဒေတွေရေးဆွဲတင်သွင်းခဲ့တာတွေဟာ ဒီမိုကရေစီလမ်းကြောင်း ကနေ စတင်သွေဖည်နေပြီလို့  ထောက်ပြဝေဖန်ထားပါတယ်။ အဆိုပါအဖွဲ့ရဲ့ ၂၀၁၅ ကမ္ဘာ့လွတ်လပ်ခွင့်အစီရင်ခံစာမှာ မြန်မာအပါအ၀င်  နိုင်ငံပေါင်း ၁၉၅ နိုင်ငံရဲ့လွတ်လပ်ခွင့် အခြေအနေကို အကဲဖြတ်သုံးသပ် ဖော်ပြထားတာဖြစ်ပြီး  လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံကို အဆင့် ၁၊ လွတ်လပ်ခွင့်အနိမ့်ဆုံး နိုင်ငံကိုတော့ အဆင့် ၇ သတ်မှတ် ထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up