ဖီဖာ ဥက္ကဋ္ဌနေရာ ဖီဂို ၀င်ပြိုင်မည်

2K
ပေါ်တူဂီ လက်ရွှေးစင်ဟောင်း လူးဝစ်ဖီဂိုက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ နေရာအတွက် ၀င်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။
[caption id="attachment_79217" align="alignright" width="300"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
ဘာစီလိုနာ၊ ရီးရဲလ် မက်ဒရစ်၊ လစ္စဘွန်း၊ အင်တာမီလန်ကလပ် ကစားသမား ဖီဂိုက လက်ရှိ ဥက္ကဋ္ဌ ဆပ်ဘတ္တလာနေရာကို အစားထိုးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ ဖီဖာရဲ့နာမည်ကောင်းကို စောင့်ကြည့်နေပေမယ့် သဘောမကျတဲ့အကြောင်း၊ အရင်တချိန်က စပြီး ဖီဖာရဲ့ပုံရိပ်က ဆိုးဝါးလာတယ်လို့ ဖီဂိုက ပြောပါတယ်။
ဖီဂိုဟာ ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာအကောင်းဆုံးဆုကို ရရှိခဲ့သလို ၂၀၀၁ ခုနှစ်မှာ ဖီဖာရဲ့ တနှစ်တာ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားပါတယ်။ ဖီဂို ၀င်ရောက်ရွေးချယ်ခံမယ့် ဆိုတာကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ထောက်ခံခဲ့ပါတယ်။
၁၉၉၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌဖြစ်လာတဲ့ အသက် ၇၈ နှစ်အရွယ် ဘတ္တလာကတော့ ၅ ကြိမ်မြောက် ဆက်လက်တာဝန်ယူဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဖီဖာအမှုဆောင် အရာရှိချုပ်ဟောင်း ဂျရုန်းမီ ရှန်ပိန်နဲ့ ပြင်သစ် လက်ရွေးစင်ဟောင်း ဒေးဗစ် ဂျီနိုလာတို့ကတော့ ဒီပြောဆိုချက်ကို ကန့်ကွက်ထားပါတယ်။
တော်ဝင် ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုက်ကယ်ဗန်ပရက်နဲ့ ဂျော်ဒန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား အလီ ဘင်အယ် ဟူစိန်တို့လည်း ဖီဖာ ဥက္ကဋ္ဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။