ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ နောက်ဆုံး တွေ့မြင်ခဲ့ရပြီးနောက် ပျောက်ဆုံးသွားတဲ့ ဗြိတိန် ခရီးသွား အမျိုးသမီးတဦးကို အသည်း အသန်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေသူဟာ အသက် ၂၇ နှစ်အရွယ် လော်ရန် ဟက်ဒန် ဖြစ်ပြီး နိုင်ငံရပ်ခြားမှာ ပျောက်ဆုံးသူများ ရှာဖွေရေး အဖွဲ့က ရှာဖွေနေတယ်လို့ ဗြိတိန် အခြေစိုက် The Mirror သတင်းမှာ ရေးပါတယ်။
[caption id="attachment_79200" align="alignleft" width="268"]

ဓာတ်ပုံ (Lauren Hebden ဖေ့ဘွတ်ခ်)[/caption]
၂၀၁၃ ခုနှစ် စက်တင်ဘာလက စတင် ခရီးသွားနေတာ ဖြစ်သလို အီးမေးလ်၊ စကိတ်တွေနဲ့ ပုံမှန် အဆက်အသွယ်ရှိပေမယ့် ၂၀၁၄ စက်တင်ဘာလမှာ ဆက်သွယ်မှု ပြတ်တောက်သွားတယ်လို ဆိုပါတယ်။
၂၀၁၄ ဒီဇင်ဘာမှာတော့ အီးမေးလ်တစောင်လက်ခံရရှိခဲ့သလို လော်ရန်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
သူဟာ လိပ်ကျွန်းမှာ နောက်ဆုံး ရှိတယ်လို့ ယူဆရပြီး တခြားကျွန်းတွေကို သွားနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။
လော်ရန်ဟာ ခရစ္စမတ်နဲ့ နှစ်ကူးတွမှာလည်း မိသားစုကို ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ အဖွဲ့ထုတ်ပြန်ချက်မှာ ရေးပါတယ်။