ကာပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲအတွင်း ချဲလ်ဆီးအသင်း ရှေ့တန်းတိုက်စစ်မှူး ဒီယေဂို ကော်စတာရဲ့ အကြမ်းဖက်တဲ့ အပြုအမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က စွဲချက်တင်လိုက်ပါတယ်။
[caption id="attachment_79161" align="alignleft" width="288"]

ဓာတ်ပုံ (ရိုက်တာ)[/caption]
ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ လီဗာပူလ်းနောက်တန်း အဲမရီခန်းကို စိန်ခေါ်ခဲတဲ့ ဖြစ်ရပ်အပေါ် အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် ၃ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။
ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်ရရင်တော့ လာမယ့် စနေနေ့ မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒိုင်လူကြီး မြင်တွေ့ခဲ့ခြင်း မရှိတဲ့ ခြေကိုတက်နင်းခဲ့တဲ့ လုပ်ရပ်နဲ့ လီဗာပူလ်း အသင်းရဲ့ နောက်ခံလူ မာတင်စကာတယ်လ်အပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက်လည်း စွဲဆိုခံရမှာ ဖြစ်ပါတယ်။
လီဗာပူလ်းနည်းပြ ရော်ဂျာကတော့ ကော်စတာရဲ့ လုပ်ရပ်ဟာ ကြမ်းတမ်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ကစားပွဲအပြီးမှာ ပြောဆိုခဲ့သလို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကတော့ ကော်စတာဟာ မမျှမတ ပစ်မှတ်ထားခံရတယ်လို့ ကာကွယ်သွားပါတယ်။