A d v e r t i s e m e n t With Us

မာလီနှင့်ဂီနီအာ ကွာတာတက်ရေး မဲနှိုက်ဆုံးဖြတ်မည်

၂၀၁၅ ခုနှစ် အာဖရိကဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဃ) ပွဲစဉ်အဖြစ် မာလီနဲ့ ဂီနီအာတို့ ပွဲမှာ တစ်ဖက် ၁ ဂိုးစီ သရေကျသွားတဲ့အတွက် ကွာတားဖိုင်နယ်တက်ရောက်ဖို့ မဲနှိုက်ပြီး အဆုံးအဖြတ် ခံယူရမှာ ဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ ရမှတ်၊ သွင်းဂိုး၊ ပေးဂိုးတွေ အားလုံး တူနေတာကြောင့် အခုလို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အသင်းတသင်းစီရဲ့ တာဝန်ရှိသူတွေက မဲနှိုက်ရမှဖြစ်ပြီး နံပါတ် ၂ ပါတဲ့ ဘောလုံးကို နှိုက်မိတဲ့အသင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက်မှာဖြစ်ပြီး နံပါတ် ၃ ဘောလုံးကို နှိုက်မိခဲ့ရင်တော့ အိမ်ပြန်ရမှာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ မဲနှိုက်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ မဲနှိုက်ပြီး အသာရတဲ့အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂါနာ အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ အခုလို မဲနှိုက်ဆုံးဖြတ်ရတဲ့ အဖြစ်အပျက်မျိုး ၁၉၅၄ ခုနှစ် ရောမမြို့မှာ ကန်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်တခုဖြစ်တဲ့ တူရကီနဲ့ စပိန်တို့လည်း ကြုံခဲ့ရဖူးပါတယ်။ အဲဒီဖြစ်ရပ်မှာတော့ ဘောလုံးကွင်း အလုပ်သမားတဦးရဲ့ ၁၄ နှစ်အရွယ်သားက မဲနှိုက်ပြီး အဆုံးအဖြတ်ပေးခဲ့ရာမှာ တူရကီအသင်းက ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။ [gallery ids="79154,79155,79156"]

A d v e r t i s e m e n t With Us

More News
Up