A d v e r t i s e m e n t With Us

လေယာဉ်မှူးကို လွှတ်ပေးပါက အီရတ်အမျိုးသမီးကို ပြန်လွှဲပေးမည်ဟု ဂျော်ဒန်အစိုးရပြော

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက ဖမ်းထားတဲ့ ဂျော်ဒန် လေယာဉ်မှူးကို ပြန်လွှတ်ပေးမယ်ဆိုရင် ဂျော်ဒန်အစိုးရက ၂၀၀၅ အသေခံဗုံးခွဲမှုကြောင့် ထောင်ချထားတဲ့ အီရတ်အမျိုးသမီးကို ပြန်လွှဲပေးမယ်လို့ အစိုးရပြောခွင့်ရ မိုဟာမက် အယ်လ် မိုမာနီကို ကိုးကားပြီး အစိုးရရုပ်သံကနေ ဇန်န၀ါရီ ၂၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဟာရှီမိုက် စည်းမျဉ်းခံဘုရင်စနစ်အတွက် ကျောရိုးဖြစ်တဲ့ အရေးကြီးတဲ့ ဂျော်ဒန်နီယံ မျိုးနွယ်စုက  ဂျော်ဒန်လေယာဉ်မှူးလွတ်မြောက်ရေးက နိုင်ငံရဲ့ ထိပ်တန်း ဦးစားပေးလို့လည်း သူက ပြောပါတယ်။ လေယာဉ်မှူးဟာ အိုင်အက်စ်စစ်သွေးကြွတွေကို ဗုံးကြဲတဲ့ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလက ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ သူ့လေယာဉ်ပျက်ကျအပြီး အဖမ်းခံခဲ့ရတာပါ။ ဂျော်ဒန်အစိုးရပြောခွင့်ရက ပြန်ပေးဆွဲခံ ဂျပန်သတင်းထောက် ကန်ဂျီ ဂိုတိုစံအကြောင်း ရည်ညွှန်းပြောဆိုမှု မလုပ်ခဲ့ပါဘူး။ လေယာဉ်မှူးရဲ့ ဆွေမျိုးတွေအပါအဝင် လူရာပေါင်းများစွာဟာ ဇန်ဝါရီ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ရုံးရှေ့မှာ စုရုံးခဲ့ကြပြီး အိုင်အက်စ်တွေရဲ့ တောင်းဆိုမှုကို ဂျော်ဒန်အာဏာပိုင်တွေက လိုက်လျောဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အီရတ်အမျိုးသမီး ဆာဂျီဒါ အယ်လ် ရီရှဝီကို မြို့တော် အမ္မန်မှာ လူအယောက် ၆၀ သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲမှုမှာ ပါဝင်မှုအတွက် ဂျော်ဒန်အစိုးရက ဖမ်းဆီးထောင်ချထားခဲ့တာပါ။ [gallery ids="79148,79149,79081"]

A d v e r t i s e m e n t With Us

More News
Up