A d v e r t i s e m e n t With Us

ထိုင်းရှပ်နီခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝကို အသရေဖျက်တဲ့အတွက် အတိုက်အခံ ရှပ်နီ ခေါင်းဆောင်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ [caption id="attachment_79152" align="alignleft" width="300"]ဓာတ်ပုံ (ရိုက်တာ) ဓာတ်ပုံ (ရိုက်တာ)[/caption] ၂၀၀၉ အောက်တိုဘာလက ရှပ်နီ ဥက္ကဋ္ဌ ဂျတူပေါင် ပရောင်ပန်ကို ပြောဆိုခဲ့တဲ့ မိန့်ခွန်းပါ ပြောကြားချက်နဲ့ စွဲဆိုပြီး ဇန်န၀ါရီ ၂၈ ရက်က ထောင်ဒဏ် ချမှတ်လိုက်တာလို့ အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။ ဒီအမှုအတွက် အယူခံဝင်သွားမယ်လို့ ဂျတူပေါင် ရှေ့နေက ပြောပါတယ်။ ပြူထိုင်းပါတီ အမတ်ဟောင်း ဂျတူပေါင်က အမှုတွေအမြောက်အမြား ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၃ သြဂုတ်လမှာ အဘီဆစ်ကို ပြစ်တင်ပြောကြားတဲ့အတွက် စွဲဆိုခံရပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ကို နိုင်ငံရေးနဲ့ ၅ နှစ် မပတ်သက်ဖို့နဲ့  အကျင့်ပျက် ခြစားမှုနဲ့ စွဲဆိုခဲ့အပြီး အခုလို ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ထိုင်းမှာ နိုင်ငံရေးအရ စုဝေးတာ၊ မီဒီယာတွေကို ဆင်ဆာတားမြစ်တာ၊ အတိုက်အခံတွေကို ခဏဆင့်ခေါ်တာတွေ လုပ်ဆောင်ပြီးတဲ့နောက် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အသံတွေဟာ တိတ်ဆိတ်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up