A d v e r t i s e m e n t With Us

ရော်နယ်ဒိုကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်

ပြိုင်ဘက်ကစားသမားကို ကန်ကျောက်ခဲ့တဲ့  ရီးရဲမက်ဒရစ်အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီအတွက် လာမဲ့ လာလီဂါပွဲတွေဖြစ်တဲ့  ရီးယဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့ကစားမယ့် ပွဲစဉ်တွေမှာ ကစားခွင့်မရတော့ပါဘူး။ ပြီးခဲ့တဲ့အပတ်က  ကော်ဒိုဘာအသင်း ကို ၂ ဂိုး ၁ ဂိုး နဲ့  အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲ ပြီးကာနီး  ရော်နယ်ဒို က  ကော်ဒိုဘာနောက်ခံလူ အဒီမာရ်ကို ကန်ကျောက်ခဲ့ပြီး မျက်နှာကိုရိုက်ဖို့  လက်နဲ့ရွယ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုကို တိုက်ရိုက်အနီကဒ် နဲ့  ထုတ်ပယ်ခဲ့ပါ တယ်။ အဒီမာရ်က ဒီကိစ္စကို  အရေးယူပေးဖို့ လာလီဂါစည်းကမ်းထိန်းသိမ်းရေးကော်မတီကို တိုက်တွန်းခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီအဖြစ် အပျက်အတွက် အလျင်အမြန် တောင်းပန်ခဲ့ပါတယ်။ လာလီဂါ စည်းကမ်းထိန်းသိမ်းရေးကော်မတီက  စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်   ရော်နယ်ဒို ကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ရော်နယ်ဒို ဟာ အခုနှစ်ဘောလုံးရာသီ မှာ  ရီးယဲလ်အတွက် စုစုပေါင်း ၃၁ ပွဲကစားပေးထားပြီး ၃၆ ဂိုး သွင်းယူပေးထားပါတယ်။ [gallery ids="79142,79138,79141,79139,79140"]

A d v e r t i s e m e n t With Us

More News
Up