တရုတ်နိုင်ငံဟာ သဘာဝရှုခင်း အံ့မခန်းလှပတဲ့နိုင်ငံ ဖြစ်ပေမယ့် တိုင်းပြည်ရဲ့ တချို့နေရာတွေမှာ လေထုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုက သတိမထားလို့ မရတဲ့ အခြေအနေကို ရောက်လာပါတယ်။
ဒီထိတ်လန့်ဖွယ်ရာ ဓာတ်ပုံတွေက တရုတ်နိုင်ငံက ဒေသအတော်များများမှာ ဆိုးဝါးတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လူတွေက ရင်ဆိုင်နေရတယ်ဆိုတာကို ပြသနေပါတယ်။
ဘီဂျင်းနဲ့ တရုတ်က တချို့ဒေသတွေမှာ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အုံ့ဆိုင်းနေတဲ့ မီးခိုးမြူတွေကြောင့် အခြေအနေတွေ ဆိုးဝါးနေပါတယ်။ တရုတ် ခေါင်းဆောင်တွေကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အလေးအနက်ထားလုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားပေမယ့် စက်မှုလုပ်ငန်းတွေ အလျင်အမြန် ကြီးထွားလာနေတဲ့ တိုင်းပြည်မှာ အပြောင်းအလဲကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
၁။ အနီရောင် ညစ်ညမ်းနေတဲ့ ဂျင်ဟီမြစ်ထဲက ရေနမူနာယူနေတဲ့ သတင်းထောက်တဦး။

၂။ ယန်စီမြစ်အတွင်း ပေါလောပေါ်နေတဲ့ အမှိုက်တွေကို ရှင်းလင်းနေတဲ့ အလုပ်သမားတွေ။

၃။ ရေညှိတွေ ပြည့်နေတဲ့ ကန်အတွင်း သေဆုံးနေတဲ့ ငါးတကောင်။

၎။ အလွန်ညစ်ညမ်းနေတဲ့ ဂျန်ဇင်းမြစ်။

၅။ ရှန်ဒေါင်းရှိ ရေကန်အတွင်း ရေမှော်တွေကြားမှာ ကူးနေတဲ့ ကလေးငယ်။

၆။ ဒါလီယန်တွင် ရေကန်အတွင်းမှ ဆီများကို ရှင်းလင်းနေတဲ့ အလုပ်သမား။

၇။ ၀ူဟန်ရေကန်ရှိ သေဆုံးနေတဲ့ ငါးတွေကို ဆယ်ယူနေတဲ့ အလုပ်သမားတဦး။

၈။ ဖူယန်ရှိ စမ်းချောင်းအတွင်းက ရေကို သောက်သုံးနေတဲ့ ကလေးငယ်။

၉။ ညစ်နွမ်း ပင်းဘာ ရေလှောင်ကန်အတွင်း ရေကူးနေတဲ့ ကလေးငယ်တဦး။

၁၀။ မိလ္လာကန်ကနေ ယိုစိမ့်ရေတွေကို ဖောက်ထုတ်နေတဲ့ အလုပ်သမားတွေ။

၁၁။ ရေပေါ် ပေါလောမျောပါ ပြန့်ကြဲနေတဲ့ အမှိုက်တွေကို ကျော်လွှားနေတဲ့ ကလေးတဦး။