A d v e r t i s e m e n t With Us

နှင်းမုန်တိုင်းကြောင့် အမေရိကန်လေကြောင်းခရီးစဉ်များ ရပ်နား

အသက်ဘေးအန္တရာယ်ရှိလောက်အောင် ပြင်းထန်တဲ့ နှင်းမုန်တိုင်းက အမေရိကန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကို ရပ်နားခဲ့ရပါတယ်။ နယူးယောက်ပြည်နယ်မှာတော့ လမ်းတွေပေါ် ကားသွားလာမှုကို ပိတ်ပင်ပြီး မြေအောက်ရထားခရီးစဉ်တွေကိုလည်း ပိတ်သိမ်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းက ပြည်နယ် ၆ ခုမှာ အုပ်ချုပ်ရေးမှူးတွေက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ မုန်တိုင်းဟာ ပြည်နယ် ၁၂ ပြည်နယ်လောက်က ပြည်သူ သန်း ၆၀ လောက်ကို သက်ရောက်စေနိုင်ပါတယ်။ အမျိုးသား မိုးလေဝသ ဝန်ဆောင်မှုအဖွဲ့က ဒေသတွင်းမှာ ၁ နာရီ ၄ လက်မနှုန်းနဲ့ နှင်းထု လက်မ ၃၀ ထိ ကျဆင်းနိုင်ချေရှိတဲ့ အသက်ဘေး ခြိမ်းခြောက်နေတဲ့ နှင်းမုန်တိုင်းအဖြစ် သတိပေးခဲ့ပါတယ်။ လေတိုက်နှုန်းကတော့ နယူးယောက်မြို့မှာ ၁ နာရီ ၅၅ မိုင်နှုန်း ရှိခဲ့တာပါ။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ည ၁၁ နာရီက စပြီး အားလုံးအတွက် ခရီးသွားမှု ပိတ်ပင်ခဲ့ပါတယ်။ မြို့နယ် ၁၃ ခုအတွက် အရေးပေါ် ကားတွေကို လမ်းပေါ်သွားခွင့်ပြုခဲ့ပါတယ်။ အမိန့်ချိုးဖောက်သူကို အမေရိကန်ဒေါ်လာ ၃၀၀ ဒဏ်တပ်မယ်လို့ ဆိုပါတယ်။ ကော်နက်တီကတ်၊ မန်ဆာချူးဆက်နဲ့ နယူးဂျာစီပြည်နယ်တို့မှာလည်း ဒေသတွင်း ခရီးသွားမှု ပိတ်ပင်ထားပါတယ်။ [gallery ids="79098,79099,79100,79101,79102"]

A d v e r t i s e m e n t With Us

More News
Up