A d v e r t i s e m e n t With Us

အိုင်အက်စ်တောင်းဆိုချက် လိုက်လျောပေးရန် ဂျော်ဒန်ဓားစာခံ၏ ဖခင်ပြော

အိုက်အက်စ် အကြမ်းဖက်သမားတွေ လက်ထဲ ကျရောက်နေတဲ့ ဂျော်ဒန် လေယာဉ်မှူး မွတ်သ် အယ် ခါစီဗက်ရဲ့ ဖခင်က သားဖြစ်သူရဲ့အသက်ကို ကယ်တင်ရေးအတွက် အကြမ်းဖက်အဖွဲ့က တောင်းဆိုထားတဲ့အတိုင်း လိုက်လျောပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ [caption id="attachment_79081" align="aligncenter" width="454"]ဖမ်းဆီးခံထားရသည့် ဂျော်ဒန်လေယာဉ်မှူး (ဓာတ်ပုံ - အေအက်ဖ်ပီ) ဖမ်းဆီးခံထားရသည့် ဂျော်ဒန်လေယာဉ်မှူး (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption] အိုက်အက်စ်အဖွဲ့က နောက်ဆုံးထုတ်ထားတဲ့ ဗွီဒီယိုထဲမှာ ဂျပန်သတင်းထောက်ကန်ဂျီ ဂိုတိုစံနဲ့ ဂျော်ဒန် လေယာဉ်မှူးတို့ ၂၄ နာရီအတွင်း အသတ်မခံရအောင် ဂျော်ဒန်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ အသေခံ ဗုံးခွဲသမား အမျိုးသမီး စာဂျီဒါ အယ် ရီရှဝီကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စကို ညှိနှိုင်းဖို့အတွက် ဂျပန်အရာရှိတွေဟာ ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်မှာ ရောက်နေပြီး ဂျော်ဒန် အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ [caption id="attachment_79083" align="aligncenter" width="510"]လေယာဉ်မှူ၏ ဖခင် လေယာဉ်မှူ၏ ဖခင်[/caption] ဂျော်ဒန် လေယာဉ်မှူးရဲ့ ဖခင် ဆာဖီ အယ် ခါစီဘာ့ဂ်က “အသေခံ ဗုံးခွဲမှုနဲ့ ထောင်ချခံထားရတဲ့ အီရတ် အမျိုးသမီးဟာ ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သူဖြစ်တယ်။ သူ့ကို ဂျော်ဒန်မှာ ဆက်ဖမ်းထားတာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ သူနဲ့ ကျနော့်သားကို ဘယ်လိုမှလည်း နှိုင်းယှဉ်စရာ အကြောင်းမရှိပါဘူး။ ကျနော်သားနဲ့ ယှဉ်ရင် သူက ဘာမှ အရေးမပါလှပါဘူး။ ဒါကြောင့် ကျနော့်သားအသက်ကို ကယ်ဖို့ အဲဒီ အမျိုးသမီးကို  ပြန်လွှတ်ပေးလိုက်ပါ။ “ဓားစားခံ ပြဿ    နာဖြစ်လာရင် အလဲအလှယ် လုပ်တာဟာ အဖြေပါပဲ။ ကျနော်သားဟာ တိုင်းပြည်အတွက် အဖိုးတန်ပါတယ်။ သူ့အသက်ကို ကယ်တင်ပါ” လို့ ပြောပါတယ်။ ဇန်န၀ါရီ ၂၇ ရက်နေ့ကလည်း ဂျော်ဒန်နိုင်ငံ မြို့တော်မှာ လေယာဉ်မှူး မွတ်သ် အယ် ခါစီဗက်ရဲ့ ဆွေမျိုးသားချင်း ရာပေါင်းများစွာ စုရုံးပြီး အကျဉ်းသားအလဲအလှယ်လုပ်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဂျော်ဒန်ဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနေတဲ့ အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ အာရတ်နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ လေယာဉ်မှူး  အယ် ခါစီဗက်ဟာ မနှစ် ဒီဇင်ဘာက ဆီရီးယားမှာ ရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ အမာခံ နယ်မြေထဲ လေယာဉ်ပျက်ခဲ့ပြီးနောက် စစ်သုံ့ပမ်းအဖြစ် အဖမ်းခံထားရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up