A d v e r t i s e m e n t With Us

ဓားစာခံလဲလှယ်ရေးရုပ်သံ အိုင်အက်စ်အဖွဲ့က ဖြန့်ချိ

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) တွေက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား သတင်းထောက်ဂိုတို ခန်ဂျီရဲ့ ရုပ်သံကို ဂျပန်စံတော်ချိန်ည ၁၁ နာရီခွဲမှာ အင်တာနက်ပေါ်ကတဆင့် တင်လာခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ ဂျပန်သတင်းထောက်ဟာ အိုင်အက်စ်အဖွဲ့ရဲ့ ဖမ်းဆီးခံနေရသူ ဂျော်ဒန် လေယာဉ်မှူးးရဲ့ ဓာတ်ပုံကို ကိုင်ထားပြီး “ကျနော်က ခန်ဂျီပါ။ ကျနော်နဲ့ သူမ လဲလှယ်ဖို့ ဘာအခက်အခဲတွေ ရှိနေပါသလဲ။ သူမက ၁၀ နှစ်လောက် အဖမ်းအဆီး ခံနေရတာပါ။ ကျနော်က လပိုင်းပဲ ရှိပါသေးတယ်။ ကျနော့်အနေနဲ့ ဒါဟာ နောက်ဆုံးသတင်းပေးပို့ချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော့်အနေနဲ့ နောက်ထပ် ၂၄ နာရီပဲ အသက်ရှင် နေထိုင်ရတော့မယ် ထင်ပါတယ်။ လေယာဉ်မှူးကတော့ ဒီထက်ပို အချိန်တိုမယ် ထင်ပါတယ်” လို့ ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်ကလည်း သတင်းထောက် ခန်ဂျီဂိုတိုနဲ့အတူ အဖမ်းခံထားရတဲ့ ဟရူနာ ယူက၀ါ ခေါင်းဖြတ် အသတ်ခံထားရတယ်လို့ ထင်ရတဲ့ဓာတ်ပုံကို ကိုင်ပြီး ရိုက်ယူထားတဲ့ဗွီဒီယိုထဲမှာ စစ်သွေးကြွတွေဟာ ပြန်ပေးငွေကို မလိုချင်တော့ကြောင်း၊ ဂျော်ဒန်မှာ သေဒဏ်ကျခံထားရတဲ့ အိုင်အက်စ်အစွန်းရောက် ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အစ်မဖြစ်သူ အီရတ်နိုင်ငံသူ ဆာဂျီဒါ အယ် ရီရှားဝီ (Sajida al-Rishawi) ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဆာဂျီဒါဟာ ၂၀၀၅ ခုနှစ်က ဂျော်ဒန်နိုင်ငံ အမ္မန်ဟိုတယ်က မင်္ဂလာဆောင်တခုကို ခင်ပွန်းဖြစ်သူနဲ့ အသေခံဗုံးခွဲခဲ့သူဖြစ်ပြီး လူ ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။ သူမကိုယ်မှာ ပတ်ထားတဲ့ဗုံးက မပေါက်ကွဲပဲ အဖမ်းခံရပြီး သေဒဏ် ကျခံထားသူ ဖြစ်ပါတယ်။ [gallery ids="79001,79002,79003"]

A d v e r t i s e m e n t With Us

More News
Up