တိုက်ခိုက်ခံရခြင်းမရှိဟု ဖေ့ဘွတ်ခ် တုံ့ပြန်

893
လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ ဖေ့ဘွတ်ခ်က တိုက်ခိုက်ခံရခြင်းမရှိဘူးလို့ ငြင်းဆိုလိုက်ပြီး ဖေ့ဘွတ်ခ် အသုံးပြုလို့မရတာဟာ ဖွဲ့စည်းပုံ အပြောင်းအလဲ တချို့ လုပ်ဆောင်နေလို့ ဖြစ်တယ်လို့ ပြောပါတယ်။
တခြားတဖွဲ့ဖွဲ့က တိုက်ခိုက်တာမဟုတ်ဘဲ ဖွဲ့စည်းပုံ အပြောင်းအလဲကို စတင်လုပ်ဆောင်ခဲ့တဲ့ အတွက် ပြတ်တောက်သွားတာ ဖြစ်တယ်လို့ ဖေ့ဘွတ်ခ်ပြောခွင့်ရကို ကိုးကားပြီး ဝေါလ်စထရိတ် ဂျာနယ်က ပြောပါတယ်။
အလျင်အမြန်အပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး အားလုံးအတွက် ၀န်ဆောင်မှုတွေ ၁၀၀ ရာခိုင်နှုန်း ရရှိသွားပြီလို့ ပြောပါတယ်။
ဇန်န၀ါရီ ၂၇ ရက်က မိနစ် ၄၀ လောက်ဖေ့ဘွတ်ခ် အသုံးပြုလို့မရ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဖေ့ဘွတ်ခ်နဲ့ ဆက်နွယ်နေတဲ့ Tinder၊ Hipchat၊ အင်စတာဂရမ်တို့လည်း ပြတ်တောက်သွားပါတယ်။
လိုင်းဇက် စကွက် ဟက်ကာအဖွဲ့ကတော့ သူတို့ လုပ်ဆောင်ခဲ့တာ ဖြစ်သလို နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်သွားအုံးမယ်လို့ ပြောဆိုခဲ့ပါတယ်။