A d v e r t i s e m e n t With Us

ချဲလ်ဆီး ကယ်ပီတယ်ဝမ်း ဗိုလ်လုပွဲ တက်

ဇန်န၀ါရီ ၂၇ ရက်က ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးက လီဗာပူလ်း အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ စတန်းဖို့ဘရစ်ခ်ျ ကွင်းမှာ ယှဉ်ပြိုင်တဲ့  ဒီပွဲမှာ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို အချိန်ပိုမှာ  အီဗန်နိုဗစ်က ခေါင်းတိုက် သွင်းယူပါတယ်။ ပထမအကျော့ ဆီမီးဖိုင်နယ်မှာတုန်းက လီဗာပူးနဲ့ ချဲလ်ဆီးတို့ တဂိုးစီ သရေကျထားတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ကယ်ပီတယ်ဝမ်း ပြိုင်ပွဲမှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးထားပါတယ်။ လီဗာပူလ်းကတော့ ၂၀၁၂ နောက်ပိုင်းမှာ ကပ်ပီတယ်ဝမ်းပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် မတ်လ ၁ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ကယ်ပီတယ်ဝမ်း ဗိုလ်လုပွဲမှာ ချဲလ်ဆီးက ဇန်န၀ါရီ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် စပါးစ်နဲ့ ရှဖီးယူနိုက်တက်တို့ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။ [gallery ids="78991,78992,78993,78994,78995"]

A d v e r t i s e m e n t With Us

More News
Up