A d v e r t i s e m e n t With Us

မြန်မာ ယူ ၂၀ ဂျာမနီကလပ်ကိုနိုင်

တူရကီနိုင်ငံမှာ လေ့ကျင်နေတဲ့ နယူးဇီလန် ကမ္ဘာဖလား ဘောလုံး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ယူ- ၂၀ မြန်မာအသင်းနဲ့ ဂျာမနီ တတိယတန်း ကလပ် ဘီအေကေ (ဘာလင်) အသင်းတို့ ခြေစမ်းပွဲကစားရာမှာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ၂၅ မိနစ်မှာ ပင်နယ်တီက တဆင့် နန္ဒကျော်၊ ၆၈ မိနစ်မှာ သန်းပိုင်၊ ၈၈ မိနစ်မှာ အောင်သူနဲ့ ၉၁ မိနစ်မှာ ပင်နယ်တီက တဆင့် ငြိမ်းချမ်းအောင်တို့က သွင်းယူပေးခဲ့တာ ဖြစ်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ မြန်မာ ယူ ၂၀ အသင်းဟာ တူရီကီ နိုင်ငံမှာ သွားရောက်လေ့ကျင်ပြီး ခြေစမ်းပွဲတွေကစားနေတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့က ကာဂျစ်ကစ္စတန်ကလပ် တာရက်ဇ် Taraza အသင်းနဲ့ (၂-၂) ဂိုး သရေကျခဲ့ပြီး၊ ၂၁ ရက်နေ့ အဇာဘိုင်ဂျန် ယူ၂၁ အသင်းနဲ့ပွဲမှာ မြန်မာအသင်းက (၂ -၀) ဂိုးနဲ့ အနိုင်ရခဲ့သလို ၂၆ ရက်နေ့က အီရန် ယူ-၂၂ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ [gallery ids="78985,78986,78987"]  

A d v e r t i s e m e n t With Us

More News
Up