A d v e r t i s e m e n t With Us

နျူကလီးယားထောက်ပံ့ရေးအုပ်စုနှင့် အိန္ဒိယတို့ ပူပေါင်းမှု စဉ်းစားရန်လိုဟု တရုတ်အစိုးရ ပြော

နျူကလီးယားထောက်ပံ့ရေးအုပ်စုနဲ့ အိန္ဒိယက ပူးပေါင်းဖို့ လျှောက်ထားမှုဟာ အဖွဲ့ရဲ့ သတိရှိရှိ စဉ်းစားမှုကို လိုအပ်တယ်လို့ တရုတ်အစိုးရက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေး နက်ရှိုင်းစေဖို့နဲ့ နျူကလီးယား ကုန်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံချီ  သဘောတူညီမှုအပြီး ခုလို ပြောလိုက်တာပါ။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း သဘောတူခဲ့တာ ဖြစ်ပြီး ၂ နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး အကြီးစား အဖုအထစ် ဖြစ်ခဲ့တဲ့ အရေးကိစ္စ ၂ ရပ်ကို နားလည်မှု ရခဲ့ကြပါတယ်။ နျူကလီးယား ထောက်ပံ့ရေးအဖွဲ့(အန်အက်စ်ဂျီ)ဟာ သြဇာကြီးတဲ့ ကမ္ဘာ့လုံးဆိုင်ရာအဖွဲ့ပါ။ အနုမြူ တင်ပို့ကုန်တွေကို ထိန်းချုပ်ပြီး အိန္ဒိယနဲ့ နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်မှုအပေါ် သဘောထား ကွဲပြားခဲ့ဖူးပါတယ်။ အန်အက်စ်ဂျီအဖွဲ့ဝင်ဖြစ်လာမှုဟာ အိန္ဒိယရဲ့ နိုင်ငံတကာ ရပ်တည်မှုကို တိုးမြင့်စေပြီး တာဝန်ခံမှု ရှိတဲ့ အနုမြူစွမ်းအင်ပိုင်ရှင်နိုင်ငံအနေနဲ့ ကမ္ဘာ့ နျူကလီးယား ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အရေးတွေမှာ ပိုပြီး သြဇာလွှမ်းနိုင်စေမှာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က အဖွဲ့တွင်း အိန္ဒိယနိုင်ငံ ဝင်ရောက်မှုဟာ အင်မတန် အရေးကြီးတဲ့ အဖွဲ့ရဲ့အတွင်းရေး ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးဆီက အင်မတန် သတိရှိတဲ့ စဉ်းစားဆင်ခြင်မှုကို လိုအပ်တယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဖွဲ့ဝင်သစ် ဝင်ခွင့်ပြုရေး အဖွဲ့ရဲ့ ဆွေးနွေးမှုတွေကို ထောက်ခံပြီး အိန္ဒိယကိုလဲ အဖွဲ့ရဲ့ သက်ဆိုင်ရာ စံချိန်စံညွှန်းကို ပြည့်မီစေရေး ခြေလှမ်းသစ်တွေ လှမ်းဖို့ အိန္ဒိယကို အားပေးတယ်လို့ သူက ဆက်ပြောပါတယ်။ အိန္ဒိယဟာ နျူကလီးယား လက်နက် မပြန့်ပွားရေး သဘောတူစာချုပ်(အန်ပီတီ)ကို လက်မှတ် မထိုးရသေးတဲ့ တဦးတည်းသော အဖွဲ့ဝင်နိုင်ငံပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်ကို လွန်ခဲ့တဲ့နှစ် ၄၀ က နိုင်ငံပေါင်း ၁၈၉ နိုင်ငံက သဘောတူထားခဲ့ကြပါတယ်။ ထောက်ခံသူတွေကတော့ အိန္ဒိယဟာ အဆင့်မြင့် နျူကလီးယားစွမ်းအင် ပိုင်ရှင် ဖြစ်နေပြီးသားမို့ အဖွဲ့ထဲကို ဝင်တာက မဝင်တာထက် ပိုကောင်းတယ် အနာဂတ်မှာလဲ သိသာ ထင်ရှားတဲ့ တင်ပို့သူ ဖြစ်လာလိမ့်မယ်လို့ ပြောနေကြပါတယ်။ [gallery ids="78955,78956,78958,78959"]

A d v e r t i s e m e n t With Us

More News
Up