တောင်ကိုးရီးယားနှင့် သြစတြေးလျ အာရှဖလား ဗိုလ်လုမည်

2.1K
သြစတြေးလျနိုင်ငံမှာ ယှဉ်ပြိုင်ကစားတဲ့ အာရှဖလား ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ သြစတြေးလျ အသင်းက အနိုင်ရရှိသွားတဲ့ အတွက် တောင်ကိုးရီးယား အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၇ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သြစတြေးလျအသင်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း ၃ နဲ့ ၁၄ မိနစ်တွေမှာ သြစတြးလျ အသင်းက စိန်ဘယ်ရီနဲ့ ဒေးဗစ်ဆန်တို့က သွင်းယူ ခဲ့ပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂိုးမသွင်းနိုင်ဘဲ ၂ ဂိုးဂိုးမရှိနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၃၁ ရက် ဗိုလ်လုပွဲမှာတော့ အီရတ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတဲ့ တောင်ကိုးရီးယားအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်က ဒီ ၂သင်းတွေ့ဆုံခဲ့ဖူးပြီး တောင်ကိုးရီးယားက သြစတြေးလျ အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဇန်န၀ါရီ ၃၀ မှာတော့ တတိယနေရာအတွက် အီရတ်အသင်းနဲ့ ယူအေအီး အသင်း တို့ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
[gallery ids="78950,78945,78947,78948,78946,78949,78951"]